မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅လသား ကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဧပြီလ ၂၁ရက်၊ မနေ့ ညနေပိုင်းမှာ စဉ့်ကူးမြို့အနောက်ခြမ်း၊ အောက်ဇီးကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ၅လသားကလေးငယ် ၁ယောက် အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၄ယောက်ရှိခဲ့ကြောင်း၊ အသက် ၆၀အရွယ် အမျိုးသမီးကြီး ၁ယောက် အပြင်းအထန် ထိခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် ရွာအတွင်း မွေးမြူထားတဲ့ နွား၁ကောင်နဲ့ဝက်၄ကောင် သေဆုံးပြီး နေအိမ်၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ မတ္တရာမြို့နယ်မှာလည်း စစ်ကောင်စီက က ငလျင်ဒဏ်ခံစားထားရတဲ့ အိုင်ဒိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့အနောက်ခြမ်း၊ အိုင်ဒိုင်ကျေးရွာ ကျွန်းပင်ဘုန်းကြီးကျောင်းနဲ့ ပင်က္ကိုလ်ကျောင်းတို့ကို စစ်ကောင်စီက ဧပြီလ ၂၁ရက် မနေ့က နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ရင်း ဗုံးသီး ၂လုံး ပူးတွဲချထားခဲ့တာ​ဖြစ်ကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

ဒီလေကြောင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီး၁ပါးနဲ့ အရပ်သား ၃ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလိုမျိုး မန္တလေးတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားရာ စဉ့်ကူးမြို့နယ်နဲ့ ထိတွေ့တိုက်ပွဲတွေရှိနေတဲ့ မတ္တရာ၊ မိုးကုတ်၊ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီက ငလျင်ဒဏ်ခံစားထားရတဲ့ အရပ်သားတွေကို မငဲ့ဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေကို တော်လှန်ရေးအင်အားစုတွေဘက်က ကယ်ဆယ်ရေး လုပ်ဆောင်နေရတာကြောင့် ထိုးစစ်တွေ ရပ်နားထားပေမယ့် စစ်ကောင်စီရဲ့ အခုလို တိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ နေ့စဥ်နဲ့အမျှ ရှိနေပါတယ်။

ဒီအတွက် စစ်ကောင်စီရဲ့လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ အိမ်တိုင်းလိုလို ဗုံးခိုကျင်းတွေတူးထားဖို့ကိုလည်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းပြောဆိုထားပါတယ်။

“ကျမတို့ လက်လှမ်းမှီတဲ့ အိမ်တိုင်းနီးပါးမှာတော့ ဗုံးခိုကျင်းတွေရှိသလို စနစ်တကျ လုပ်ဖို့ကိုလည်း လိုက်ပြီး စစ်ပေးထားတာမျိုးတွေ ရှိပါတယ်။တချို့ လက်လှမ်းမမှီတာတွေလည်း ရှိပါသေးတယ်” လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရသည့် အောက်ဇီးကုန်းရွာမြင်ကွင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တွင်းတိုက်ပွဲမှာ ကျဆုံးခဲ့သည့် Loikaw Local PDF မှ ရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ PSLF/TNLA က အကျဉ်းသား (၅၅) ယောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့

ဇန်နဝါရီလ ၁၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၅၅) ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ဘားအံမြို့မှာ တန်ဆောင်တိုင်မီးပုံပျံ အိမ်ပေါ်ပြုတ်ကျရာကနေ မီးလောင်မှုဖြစ်ပွားပြီး ကား ၁ စီးနဲ့ အဆောက်အဦး၂ လုံး မီးလောင်ပျက်စီး…

ကရင်ပြည်နယ်၊ ဘားအံမြို့က မွေးမြူရေးဇုန်မှာ နိုဝင်ဘာလ ၁၅ ရက် တန်ဆောင်မုန်းလပြည့်နေ့ညက မီးပုံးပျံ အဆောက်အဦးပေါ်ပြုတ်ကျပြီး မီးလောင်မှုဖြစ်ပွားကာ အဆောက်ဦး ၂ လုံးနဲ့ ကား၁စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် ကျဆုံး

မကွေးတိုင်းအနောက်ခြမ်းရှိ အရှိုချင်းဒေသက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နှစ်ပေါင်း ၃၀ နီးပါး စစ်တပ် တပ်စွဲထားသည့် ဘောတိစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိ

ထားဝယ်မြို့နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်ရှိ စစ်အုပ်စုရဲ့ ဘောတိစခန်း (ခေါ်) ပွိုင့် ၂၅၆၆ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၁၀ ရက် ဒီနေ့မနက် ၁၀ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Force For Federal Democracy - FFD တပ်ဖွဲ့ဆီက သိရပါတယ်။