စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာနမခသို့ လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို လုံခြုံရေးယူထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်သေခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ဧပြီ ၂၀ ရက် ညနေပိုင်းက စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာနမခသို့ လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁၀ စီးကို လုံခြုံရေးယူထားတဲ့ စစ်သားတွေဟာ စစ်ကိုင်း-မုံရွာ-ရွှေဘိုလမ်းမပိုင်းရှိ ရဲတပ်ရင်း ၁၆ အနီး တိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့နဲ့ Sagaing PDF တို့ ပူးပေါင်း လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Myingyan Black Tiger ရဲဘော်များမှာ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ အလင်းဝင်ကြဖို့ အသိပေး (ရုပ်/သံ)

''ကျနော်တို့ ကျားမဲတွေလာပြီ။ တပ်ပေါင်းစုဖွဲ့ပြီးကျားမဲတွေလာပြီ။ စကစဘက်က အမြန်အလင်းဝင်ဖို့လိုတယ်။ လူ့ဂုဏ်သိက္ခာအရအသက်ရှင်ခွင့်ရမယ်။ တပ်ပေါင်းစုနဲ့ကျားမဲတွေချီတက်လာတော့မယ်။ ကျားမဲတွေမဟာမိတ်တွေနဲ့ လာပြီ''လို့ MBT တပ်ဖွဲ့က ဆိုပါတယ်။
Read More

ဗန်းမောက်မြို့အဝင် ဆိုင်းဘုတ်တွင် PDF များ အောင်ပွဲခံ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် PDF အလံတွေကိုင်ဆောင်ကာ အောင်ပွဲခံနေတဲ့ PDF ရဲဘော်တွေရဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ချောင်းဦးမြို့အဝင် အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ဦး သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အကျဆုံးတွေရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့ရဲစခန်းကို လေကြောင်းကချပေးတဲ့ လက်နက်ခဲယမ်းတွေ PDF သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရဲစခန်းဆီ ဇန်နဝါရီ ၂၂ ရက်က လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပုဂံညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖထံက သိရပါတယ်။
Read More

ကနီနဲ့ မင်းကင်းမြို့နယ်အကြားမှာ စစ်ကောင်စီရေယာဉ်အုပ်စုကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက် (ရုပ်/ သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အကြားမှာ စစ်ကောင်စီရဲ့ ရေယာဉ် ၉ စီးအုပ်စုကို စက်တင်ဘာ ၁၈ ရက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၂ ထံက သိရပါတယ်။
Read More

အီရန်နိုင်ငံပိုင်သတင်းဌာန Live လွှင့်နေစဉ် ဒုံးကျည်ထိမှန် (ရုပ်/သံ)

အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ နိုင်ငံပိုင်သတင်းဌာန Live လွှင့်နေစဉ် ဒုံးကျည်ထိမှန်ပြီး သတင်း‌ကြေညာနေတဲ့ အမျိုးသမီးဟာ စတူဒီယိုထဲကနေ ထွက်ပြေးခဲ့ရပါတယ်။