ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းက စစ်မှုထမ်းဆင်း စစ်သားသစ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း- နတ်သံကွင်း  လမ်းပေါ်ရှိ စစ်ကောင်စီစခန်းက စစ်မှုထမ်းဆင်း စစ်ကောင်စီ တပ်သားသစ် ၁ ယောက်က ဧပြီလ (၁၅) ရက်မှာ MA 1 တစ်လက် ၊ ကျည်ဘောက် ၄ ခု၊ 5.56 ကျည် ၉၆ တောင့်တို့ကို ယူဆောင်ပြီး အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လက်နက်ခဲယမ်းတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ဘေးကင်းတဲ့နေရာဆီ ပို့ဆောင်ကာ ပြည့်သူရင်ခွင်နဲ့ ချိတ်ဆက်ပြီး လိုအပ်တာတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီက အလိုမတူဘဲ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူတွေအနေနဲ့ တော်လှန်ရေးတပ်ရင်း ၊ တပ်ဖွဲ့တွေကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ဖို့ ပဲခူးခရိုင် အမှတ် (၂) တပ်ရင်းက တိုက်တွန်းထားပါတယ်။

ကိုယ်တိုင်ရုန်းထွက်ချင်တဲ့စိတ်နဲ့ စွန့်လွှတ်စွန့်စားရဲတဲ့ သတ္တိရှိဖို့ပဲလိုတယ်ဆိုတာကို တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်နက်နဲ့အတူ နေ့စဥ်နဲ့အမျှ အလင်းဝင်နေတဲ့သူတွေက အကောင်းဆုံးသက်သေပြနေတယ်လို့ ပဲခူးခရိုင် အမှတ် ( ၂ ) တပ်ရင်းက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦး ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့သည့် သပိတ်လူငယ် ၃ ဦးကို GSCB မှတ်တမ်းတင်ဂုဏ်ပြု

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ရဲဘော်ချမ်းငြိမ်းအောင်၊ ရဲဘော် ညီညီဇော်နဲ့ ရဲဘော်ကံမြင့်လွင်တို့ ကျဆုံးခဲ့တယ်လို့ GSCB နဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က နိုင်ငံတော်အဆင့်မဟုတ်ဘဲ ပြည်နယ်အဆင့် စီးပွားရေးဆွေးနွေးပွဲတစ်ခုသာဖြစ်ကြောင်း NUG ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုင်ငံတော်အဆင့်မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။
Read More

ပုလဲတိုက်ပွဲအတွင်း AA တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်ဆိုတာ မဟုတ်ကြောင်း BNRA ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေထဲမှာ ရခိုင့်တပ်တော် AA ရဲ့ တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Read More

စစ်ကောင်စီလက်ထဲမှာ အသက်မဲ့နေတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ ပါဝင်လာ

ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ မြန်မာ့ရိုးရာအတာသင်္ကြန် ပါဝင်လာတာကို ယူနက်စကိုရဲ့ တရားဝင် Website မှာဖော်ပြချက်အရသိရပါတယ်။
Read More

NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ၂ ယောက်ကို ဖယ်ရှားပေးဖို့ တောင်းဆို…

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီး နှစ်ယောက်ဖြစ်သူကို ဖယ်ရှားပေးဖို့ ချင်းအတိုင်ပင်ခံကောင်စီ (ICNCC) က NUCC ကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီး နှစ်ယောက်ဖြစ်တဲ့…
Read More

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဧပြီလ တစ်ဖက်သတ် အပစ်ရပ်မည်

စစ်ကိုင်းမြို့နယ်ကို အခြေပြုပြီး လှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။