96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက ဒုတပ်ခွဲမှူးနဲ့ တပ်စိတ်မှူးတို့ဟာ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသ (တပ်ရင်း ၅၁၀၁) တပ်ခွဲ-၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုခွဲမှူး ရဲဘော် ဂဂ (ခ) အောင်မြတ်မင်းနဲ့ တပ်ခွဲ-၂၊ တပ်စု-၁၊ တပ်စိတ်-၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်စိတ်မှူး ရဲဘော် ဆိတ်ကြီး (ခ) စည်သူဇော်တို့ဟာ ဧပြီလ ၈ ရက် မနက်ပိုင်းမှာ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့မှာတော့ ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် ၂ ယောက်ရဲ့ ရက်လည်ဆွမ်းသွပ်တရားတော် နာကြားခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်နှစ်ယောက်ဟာ စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေးကာလအတွင်း 96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသ (တပ်ရင်း ၅၁၀၁) မှာ ပါဝင်ပြီး စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်ရင်း လမ်းခုလတ်မှာ အသက်ပေးလှူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေနတ် ၃ ချက် ဖောက်သံ၊ စုတ်ဖြဲထည့်လိုက်တဲ့ အမိန့်စာပြန်တမ်းနဲ့အတူ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးတဲ့ ဒုခွဲမှူး ရဲဘော် ဂဂ (ခ) အောင်မြတ်မင်းနဲ့ တပ်စိတ်မှူး ရဲဘော် ဆိတ်ကြီး (ခ) စည်သူဇော်တို့က်ု အလေးနီပြုကြောင်း 96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက ဆိုပါတယ်။

“ရဲဘော်တို့ ကောင်းရာသုဂတိလားပါစေ။ အောင်မြင်သော တော်လှန်ရေးပန်းအား ကျန်ရစ်ခဲ့သော မင်းမိသားစုဆီသို့ ငါတို့ ဆက်ဆက် ဆက်သပေးမည်ဖြစ်ကြောင်း ကတိပြုအပ်သည်။” လို့ 96 Soldiers PDF – တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အနိမ့်ဆုံးလုပ်ခ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးရန် မေဒေးနေ့မှာ တောင်းဆို

အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အပါအဝင် အလုပ်သမားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
Read More

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ညအချိန် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေ ရွာပြင် ထွက်အိပ်နေရ…

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှု​ကြောင့် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

နွားထိုးကြီးတွင် စစ်ရှောင်ဘုန်းကြီးကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့်တိုက်ခိုက်၊ ၆ ဦး သေပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဘက် စစ်အုပ်စုက ဒရုန်းနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

TNLA နှင့် အကြမ်းဖက်စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးပွဲ ညှိနှိုင်းမှု မအောင်မြင်ဘဲ ပြီးဆုံး၊ နှစ်ဖက်တပ်များ ရောက်သည့်နေရာမှာ ရပ်တန့်ပြီး အပစ်အခတ်အားလုံး ရပ်စဲဖို့ TNLA တောင်းဆို

တရုတ်အစိုးရရဲ့ ဖိအားပေးစီစဥ်မှုနဲ့ ပြုလုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကစထ(၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ကိုယ်စားလှယ်တို့ရဲ့ တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ TNLA က ဒီနေ့မှာ တရားဝင်သတင်းထုတ်ပြန်လာပါတယ်။
Read More

မြဝတီ နယ်ခြားစောင့်တပ်မှ ဗိုလ်ကြီး နိုင်သူရ ဖမ်းဆီးခံရ၊ စစ်ဆေးချိန် ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီး-မြို့သစ် လမ်းပိုင်းမှာ မြဝတီနယ်ခြားစောင့်တပ်က ဗိုလ်ကြီး နိုင်သူရ ဆိုသူကို ဖမ်းဆီးရမိပြီး စခန်းခေါ်ယူစစ်ဆေးရာမှာ လက်နက်လု ခုခံတဲ့အတွက် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် - တပ်ရင်း ၃ (တောင်တွင်းကြီး) ပြန်ကြားရေးဌာနတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

နမ့်ဆန်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၈ တန်းကျောင်းသူ သေဆုံး၊ ညီမဖြစ်သူ ၅ တန်းကျောင်းသူ ဒဏ်ရာ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေးတဦး သေဆုံးခဲ့ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က သတင်းထုတ်ပြန်ထားပါတယ်။