အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မြေပြင်ပြောင်းလဲသွားမှုတွေကို ဂြိုလ်တုက ရရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီးအမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန NASA က အသိပေးထုတ်ပြန်လိုက်ပါတယ်။

“စူပါရှီးယား” ငလျင်လို့ ဖော်ပြထားတဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ NASA ၏ Jet Propulsion Laboratory မှ သုတေသီတွေဟာ ရေဒါနဲ့ optical ဂြိုလ်တုများမှ အချက်အလက်များကို ရယူကာ မြေပြင် ရွေ့လျားမှုတွေကို လေ့လာတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဂြိုလ်တု သုံးခုမှအချက်အလက်ကို အသုံးပြုပြီး ငလျင်ကြောင့် မြေပြင် ရွေ့လျားမှု ခန့်မှန်းချက်များကို ခြေရာခံတွက်ချက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် မျက်နှာပြင် အက်ကြောင်းဟာအရှည် ၅၅၀ ကီလိုမီတာ (၃၄၂ မိုင်) ရှိပြီး မန္တလေးမြို့၏ မြောက်ဘက်မှ နေပြည်တော် တောင်ဘက်အထိရှိခဲ့တဲ့ အက်ကြောင်းကိုလည်း ဂြိုလ်တု က ရရှိခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေ အရ သိရှိခဲ့ရပါတယ်။

လှုပ်ခတ်ခဲ့တဲ့ ပြတ်ရွေ့ကြော တလျှောက်မှာ ၃ မီတာဝန်းကျင်(၁၀ ပေ)လောက် နေရာရွေ့သွားပြီး တချို့ သောနေရာတွေမှာတော့ အနည်းဆုံး၆ မီတာ(ပေ ၂၀) လောက်ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ NASA)

ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ရဲ့ အနက် ၁၀ ကီလိုမီတာ (၆ မိုင်) တွင် စတင်လှုပ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။ ဒါ့ကြောင့် ငလျင်ဗဟိုချက်အနီးရှိ အဆောက်အအုံတွေဟာ ပြင်းထန်စွာ ထိခိုက်သွားခဲ့ရပြီး အရှေ့တောင်ဘက် မိုင် ၆၀၀ အကွာမှာရှိတဲ့ ဘန်ကောက်မြို့အထိ ရိုက်ခတ်ခဲ့တယ်လို့လည်း NASA က ထုတ်ပြန်ပါတယ်။

အင်အား ရစ်(ခ်)ချက်တာစကေး ၇ ဒသမ ၇ ရှိ အလွန်ပြင်းထန်တဲ့ငလျင်ဟာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ ဗဟိုပြုကာ မတ်လ ၂၈ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်၌ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုအပြီးမှာပင် နောက်ဆက်တွဲ ငလျင်ငယ်များလည်း ထပ်မံ လှုပ်ခတ်ခဲ့ပြီး မန္တလေး၊ စစ်ကိုင်း၊ မင်းကွန်း၊ နေပြည်တော်၊ ကျောက်ဆည်စတဲ့ ဒေသတွေကို အဓိကလှုပ်ခတ်ခဲ့ပါတယ်။

နောက်ဆက်ဆွဲ ငလျင်တွေဟာ လည်း ငလျင်ကြီးလှုပ်ခတ်မှုအပြီးနောက်ပိုင်းရက်တွေမှာ အရေအတွက် ရာနဲ့ချီလှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

0 Shares:
You May Also Like
Read More

NMSP-AD / RMA ၏ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းအခမ်းအနား

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD / RMA) က ဦးဆောင် ဖွင့်လှစ်သင်ကြားပေးတဲ့ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း (Close Quarters Battle - CQB) အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီပဲယင်းနဲ့ ရေဦးအနောက်ခြမ်းကို စစ်ကောင်စီ‌ လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးကြီးတစ်ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ထားဝယ်တွင် ရိက္ခာလက်နက်အင်အား ပို့ဆောင်သည့် အကြမ်းဖက်စစ်ကြောင်းကို ၅ ကြိမ်ထက်မနည်း ဖြတ်တောက်တိုက်ခိုက်၊ စစ်အုပ်စု ၂၆ ဦး သေဆုံးကာ ကား ၆ စီး မီးရှို့ဖျက်ဆီးနိုင်ပြီး လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများရရှိ၊ တော်လှန်ရေးရဲဘော်များလည်း ထိခိုက်သေဆုံးမှု ရှိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်အုပ်စုတပ်စခန်းတွေအတွက် ရိက္ခာပို့ဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ ကား ၆ စီး မီးလောင်ပျက်စီးပြီး စစ်သား ၂၆ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေလည်း ရရှိခဲ့တယ်လို့ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တပ်တွင်းနှိပ်စက်မှုများမှ ထွက်ပြေးလာသည့် စစ်ကောက်စီ တပ်ကြပ် စံမိုး၊ “တပ်ထဲမှာ ကျနော် မကြာခဏ အချုပ်ထဲရောက်ပါတယ်၊ အင်ပင်စခန်းမှာဆို ကျနော့်ကို အမြဲထိုးလိုက်၊ ကြိတ်လိုက်နဲ့”

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တပ်တွင်းအနိုင်ကျင့်ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကြပ် ၁ယောက်ကို သွားရောက်ကယ်ဆယ်ရင်းလိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေကြောင်း Burma Revolution Rangers အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ အနက်ရောင် သေမင်းတမန်အဖွဲ့ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ရှမ်းမြောက်ပြန် အောင်ပွဲရ PLA ရဲဘော်တွေရဲ့ အိမ်အပြန်လမ်းမှာ ဒေသခံလူထုက သောင်းသောင်းဖြဖြ ကြိုဆို

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေကို အညာဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။