စစ်ကောင်စီက ပုသိမ် – မုံရွာကားလမ်းမပေါ်မှာ သာသနာပိုင်ယာဥ်များ၊ လူနာတင်ယာဥ်များကို အသုံးပြုပြီး တပ်ရွှေ့ပြောင်းတာတွေလုပ်ဆောင်နေတာကြောင့် ပြည်သူတွေ အထူးဂရုပြုသွားလာကြဖို့ AYA PDF အမှတ် (၂၉) ဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။

အထူးသဖြင့် ဧရာ၀တီတိုင်းထဲက အင်္ဂပူမြို့နယ်၊ လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်အတွင်း ပုသိမ် – မုံရွာ ကားလမ်းမပေါ်မှာ အဓိကလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုနဲ့ ပြည်သူပိုင်ယာဥ်တွေကိုဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ ငွေကြေးအဆမတန် တောင်းခံတာတွေလည်းရှိနေလို့ စစ်ကောင်စီဂိတ်စခန်းတွေကို အဓိကရှောင်ရှားသွားလာဖို့လည်း တိုက်တွန်းထားပါတယ်။

ပြည်သူတွေထံက ဖမ်းဆီးထားတဲ့ ယာဥ်တွေကို အသုံးပြုပြီးတော့လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တပ်‌ပြောင်းရွှေ့တာတွေကို အခုလို သင်္ကြန်ကာလမျိုးမှာ လျှို့ဝှက်လုပ်ဆောင်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

AYA PDF အမှတ် (၂၉) ဗျူဟာ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က နိုင်ငံတော်အဆင့်မဟုတ်ဘဲ ပြည်နယ်အဆင့် စီးပွားရေးဆွေးနွေးပွဲတစ်ခုသာဖြစ်ကြောင်း NUG ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုင်ငံတော်အဆင့်မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ MSFC ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) ကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

DJ Violet နှင့် မန်နေဂျာအပါ လူ၅ဦးကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှုဖြင့် စစ်အုပ်စုအရေးယူထား၊ နိုင်ငံတဝန်း ဘုရားကျောင်းကန်များကို ဖျက်ဆီးနေသူများက ဗုဒ္ဓဘာသာကိုခုတုံးလုပ် အာဏာပြအရေးယူမှုဟု ဝေဖန်နေကြ

ကလပ်အတွင်း "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"သီချင်းကို DJ တီးခတ်ဖျော်​ဖြေခဲ့တဲ့ DJ Violet နဲ့ မန်​နေဂျာဖြစ်သူ အပါ Cover Club တာဝန်ရှိသူတွေကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

လူပေါင်းရာနဲ့ချီ သေဆုံးထားသည့် ပဇီကြီးရွာကို စစ်တပ်က ဗုံးထပ်ကြဲလို့ အရပ်သားများ ကြောက်ရွံ့ထိတ်လန့်နေရ

လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့တဲ့ ပဇီကြီးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးထပ်ကြဲလို့ စစ်ရှောင်တွေကြား စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်ကြောက်ရွံ့မှုတွေ ပြန်လည်ဆိုးရွားလာကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ - ကန့်ဘလူခရိုင်အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှု ရက်ဆက်ပြုလုပ်နေသည့် စစ်ကောင်စီကြောင့် ကောလင်းတွင် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဒီကနေ့ (ဧပြီလ၁၃) သင်္ကြန်အကြိုနေ့မှာလည်း မြို့အရှေ့ခြမ်း၊ ညောင်ကုန်းကျေးရွာဆီ ဂျက်ဖိုက်တာနဲ့ လာရောက်တိုက်ခိုက်သွားတယ်လို့ Kawlin Info က ပြောပါတယ်။
Read More

ရေဖြူမြို့နယ်က ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၁၇ ဦး သေဆုံးဟုဆို

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁၇ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ထားပါတယ်။