မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ပထမဆုံး လူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အင်အားပြင်းငလျင်ကြောင့် ကိုရီးယားနိုင်ငံရဲ့ KOICA (ကိုရီးယား နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) အရေးပေါ် သိုလှောင်ရုံက အရေးပေါ် ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ ကနဦးပေးပို့မှုမှာ ရွက်ဖျင်တဲ ၅၀၀၊ စောင် ၈၀,၀၀၀ နဲ့ ရေသန့်ဗူး ၄,၀၀၀ ခန့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုံးသိန်းခွဲဖိုး ပါဝင်တယ်လို့ ဆိုပါတယ်။ ကုန်ပစ္စည်းတွေကို လေယာဉ်နဲ့ အဆင့်ဆင့် ပို့ဆောင်ပေးနေကြောင်းလည်း ဖော်ပြပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ကို ပေးအပ်ထားပြီးဖြစ်တဲ့ ဒေါ်လာ ၂ သန်းအပြင် တောင်ကိုရီးယား အစိုးရက ဒေါ်လာ ၂ သန်းကျော်ဖို့ တန်ဖိုးရှိတဲ့ ကယ်ဆယ်ရေးပစ္စည်း တွေကို ထပ်မံပေးပို့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲမှ  ရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိ၊ အကျိုးအမြတ်အားလုံး ပြန်လည် လှူဒါန်းမည်

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ ရောင်နီ Live in Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ရံပုံငွေ ကန်ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့ရာ အကျိုးအမြတ်အားလုံးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Read More

ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူ မျောသွားတဲ့ ရေလုပ်သား ၄ ယောက်ကို အိန္ဒိယ ကမ်းစောင့်တပ် ကယ်တင်ခဲ့…

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူမျောပါသွားတဲ့ ရေလုပ်သား ၄ ယောက် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်တပ်က ဒီဇင်ဘာလ ၆ ရက် မနေ့က ကယ်ဆယ်ကူညီထားတယ်လို့ The Hindu သတင်းက ဒီဇင်ဘာလ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဒီနှစ်လည်း အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်ရမှာ မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အတည်ပြု

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်လော်ဘီတွေ ဝါဒဖြန့်နေသလို အာဆီယံ ထိပ်သီးညီလာခံအစည်းအဝေး တက်ရောက်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း မလေးရှား Bernama သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

တီမောလက်စတေးမှာ NUG အစိုးရ ဆက်ဆံရေးရုံး တရားဝင် ဖွင့်လှစ်၊” မြန်မာ့အရေးသည် ရွေးကောက်ပွဲကျင်းပရုံဖြင့် မဖြေရှင်းနိုင်”

တီမောလက်စတေးနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
Read More

မြန်မာ ၁ ယောက် အပါအဝင် တောင်းရမ်းသူ ၁၂ ယောက် ဘန်ကောက်မှာ ဖမ်းဆီးခံရ၊ တစ်ယောက်မှာ ဘတ် ၁၃ သိန်းခန့် ပိုင်ဆိုင်မှုရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ ခွင့်ပြုချက်မပေးလို့ နိုင်ငံခြားသား ၆၁ ဦးကို လိမ်လည်လုပ်ငန်းတွေကနေ ပြန်လွှတ်ဖို့ BGF ဆိုင်းငံ့

စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ လိမ်လည်လုပ်ငန်းတွေကနေ နိုင်ငံခြားသား ၆၁ ဦးကို ပြန်လွှတ်ပေးဖို့ရာက BGF က ဆိုင်းငံ့ထားကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။