အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဧပြီလအစောပိုင်းမှာ ကျင်းပခဲ့တဲ့ BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိလာတဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် သက်ဆင်က တိုက်တွန်းပြောဆိုခဲ့တာပါ။

“မြန်မာပြည်မှာ ငြိမ်းချမ်းရေး ပြန်လည်ထွန်းကားစေချင်တာကြောင့် သူ့ကို စကားပြောဖြစ်ခဲ့တာ” လို့ သက်ဆင်က မင်းအောင်လှိုင်အား တိုက်တွန်းပြောကြားခဲ့မှုကို The Nation သတင်းဌာနက ရေးသားထားပါတယ်။


စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးလမ်းစကို ရှာဖွေဖို့လိုအပ်ပြီး ထိုင်းနိုင်ငံဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ကြားဝင်ဖြန်ဖြေသူအဖြစ် လုပ်ဆောင်ပေးဖို့ရှိတယ်လို့လည်း သက်ဆင်က ဆိုပါတယ်။

“ထိုင်းအနေနဲ့က မြန်မာပြည်မှာ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးသော နည်းလမ်းနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်သွားစေဖို့ လိုလားတယ်ဆိုတာပါပဲ “ လို့ သက်ဆင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းက ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ BIMSTEC ထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းအစိုးရက ဖိတ်ကြားခဲ့တာကြောင့် ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

CRPH နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တို့ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်က ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် လောင်စာမီးထိုးပေးမည့် ခရီးစဉ်သာဖြစ်ကြောင်း JFM ထုတ်ပြန်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်ရာဇဝတ်မှုတွေကို ပိုမိုတိုးပွားလာစေဖို့ လောင်စာဖြစ်နိုင်ကြောင်း Justice For Myanmar က ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒေါ်နယ်ထရမ့် ဂျပန်ရောက်ချိန် မြန်မာ့အရေး ကူညီပေးရန် ဂျပန်ရောက်မြန်မာများ တောင်းဆိုဆန္ဒပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂျပန်နိုင်ငံကို ရောက်ရှိလာချိန်ကာလမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိရောက်စွာ ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒတဲ့ လှုပ်ရှားမှုကို ဂျပန်ရောက်မြန်မာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သီတင်းကျွတ်လပြည့်နေ့တွင် ကလေးငယ်များအပါ ပြည်သူကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု လက်ခံနိုင်စရာမရှိဟု ဗြိတိန်၊ သြစတြေးလျနှင့် ဆွစ်ဇာလန်သံရုံးတို့ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ပြည်သူတွေ သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲ ပြုလုပ်နေချိန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို လုံးဝလက်မခံ ရှုတ်ချကြောင်း ဗြိတိသျှ၊  ဩစတြေးလျနဲ့ ဆွစ်ဇာလန်သံရုံးတို့က အသီးသီး ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီနှင့် ရိုဟင်ဂျာအရေးဆွေးနွေးတာ ရလဒ်မထွက်ဘူးဟု ဘင်္ဂလားဒေ့ရှ်ပြော

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ နှစ်နိုင်ငံကြား အပြန်အလှန်ဆွေးနွေးမှုဟာ ဘာရလဒ်မှ ထွက်မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က မေလ ၄ ရက်မှာ ပြောပါတယ်။
Read More

မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘုရင်လို့သုံးနှုန်းပြီး လက်နက်စကြာရှင် ပူတင်နှင့် တွေ့ဆုံမှုဟာ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်အရ ဖြစ်သည်ဟု ပြောဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။