စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာ အမျိုးသမီး (၂) ယောက် သေဆုံးပြီး အမျိုးသား (၁) ယောက် ဒဏ်ရာရခဲ့တယ်လို့ Kawlin People Defence Force က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၁၁ ရက် မနေ့က မွန်းလွဲပိုင်းမှာ ကောလင်းမြို့နယ်၊ တောင်ဘို့လှကျေးရွာအုပ်စု၊ လျှော်ဖြူကုန်းကျေးရွာကို မြေပြင်စစ်ရေးလှုပ်ရှားမှုမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးသီး (၂)လုံး ကြဲချတိုက်ခိုက်မှုဟာ အရပ်သားပြည်သူရဲ့ နေအိမ်ပေါ် ကျရောက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား အမျိုးသမီး (၂) ယောက် သေဆုံးပြီး အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရက ပျက်စီးဆုံးရှုံးမှု များစွာရှိတယ်လို့ Kawlin People Defence Force က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာက ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မံစီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့မှု ABSDF တရားဝင်ထုတ်ပြန်

ကချင်ပြည်နယ်၊ မံစီမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းစခန်း အားလုံးကို သိမ်းပိုက်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ဒီနေ့ ညပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား ၂ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့ ထုတ်ပြန်ပါတယ်။ တီးတိန်မြို့ရှိ ခလရ ၂၆၉ ကာကွယ်ရေးတပ်က ၂၃ နှစ်အရွယ်ရှိ စစ်ကောင်စီတပ်သား ၂ ယောက်က ဧပြီ ၇ ရက် မနေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာဖြစ်တယ်လို့ PDF Zoland က မှတ်တမ်းဓာတ်ပုံနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နိုင်ပြီ…

ဒီကနေ့ညမှာ ကျင်းပတဲ့ One Championship မွေထိုင်းပွဲစဥ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်စ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူသွားပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီမှာ လုပ်ကိုင်နေသည့် ဝန်ထမ်းများ နေထိုင်ရာကျေးရွာအတွင်း “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားများ ကပ်ကာ လူထုလှုပ်ရှားမှု ပြုလုပ်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ နေထိုင်ရာ ကျေးရွာတစ်ရွာမှာ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားတွေကပ်ပြီး လူထုလှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ၅/ဆလက လူထုသပိတ်စစ်ကြောင်း ဖော်ဆောင်ရေးကွန်ရက်ဆီက သိရပါတယ်။
Read More

စစ်တပ် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖာပွန်ခရိုင်အတွင်း ၄ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ မောင်လှကြိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။