၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးနဲ့အတူ တော်လှန်ရေးကို အောင်ပွဲရရှိတဲ့အထိ စည်းလုံးညီညွတ်သွားမယ်လို့ အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့  ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။

စစ်အာဏာရှင်ကိုတော်လှန်ပြီး ပြည်သူလူထုနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးစနစ်တစ်ခု ထူထောင်ဖို့အတွက် နိုင်ငံတဝှမ်းရှိ တော်လှန်ရေးနယ်မြေအသီးသီးမှာ AA တပ်ဖွဲ့ဝင်တွေရှိနေပြီး တော်လှန်ရေးကို လက်တွေ့ကျကျ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်နေမှုဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် အားတက်စရာ ဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီနေ့ ဧပြီ ၁၀ရက်မှာ အာရက္ခတပ်တော်(AA) တည်ထောင်ခြင်း ၁၆ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အမျိုးသားလွတ်မြောက်ရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့  တော်လှန်ခရီးရှည်ကြီးမှာ ရခိုင်လူမျိုးတို့အတွက် အာရက္ခအိပ်မက်ကို မရပ်မနားတမ်းအကောင်အထည်ဖော်နေတဲ့ အာရက္ခအာဇာနည်တွေ၊ တပ်ဖွဲ့ဝင်တွေနဲ့အတူ နည်းလမ်းပေါင်းစုံကနေ ပါဝင်ပေးဆပ်ကြတဲ့ ရခိုင်လူမျိုးအားလုံးကိုလည်း အထူးလေးစားဂုဏ်ယူတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်သူတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ မကြာမီအချိန်မှာ လက်ထဲသို့ မုချမသွေ ရောက်ရှိတော့မှာဖြစ်တယ်လို့ ညီနောင်မဟာမိတ်နှစ်ဖွဲ့က ပြောပါတယ်။

ညီနောင် မဟာမိတ်တပ်ဖွဲ့  ၂ဖွဲ့အပြင် တော်လှန်ရေးအင်အားစုတွေ အသီးသီးကလည်း အာရက္ခတပ်တော် AA ထံ သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

အာရက္ခတပ်တော်(AA) တည်ထောင်ခြင်း ၁၆ နှစ်ပြည့်ကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY PDF) ကလည်း သဝဏ်လွှာပေးပို့ရာမှာ သူတို့အနေနဲ့လည်း စစ်အာဏာရှင်တော်လှန်ရေးအတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) နဲ့အတူ လက်တွဲညီညီ ဆက်လက်တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကလည်း အာရက္ခတပ်တော်ဟာ နိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဆက်လက်ကြိုးပမ်းနေမှုအပေါ် လေးစားဂုဏ်ယူပြီး တော်လှန်ရေးမှာ BPLA အပေါ် အကူအညီပေးမှုကို ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းမန်းစစ်ဆင်ရေးမှ ပြန်လာသည့် ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ရဲဘော်များကို ဂုဏ်ပြုဆုငွေ ချီးမြှင့် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (နယ်စည်းမခြား တော်လှန်ရေးအင်အားစု) က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ တပ်ရင်းမှ ရဲဘော်တွေကို ဇွန်လ ၂၅ ရက် မနေ့က ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ် ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ Beyond The Chindwin Organization-BCO အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေကြီးမြေပြိုမှုတွေကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၈၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

အထူးသဖြင့် တိုင်းနဲ့ ပြည်နယ် ၉ ခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူပေါင်း ၃၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး၊ ကျေးရွာ ၁၀ ရွာနီးပါး တိမ်းရှောင်နေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၀ ရွာနီးပါးက ပြည်သူတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အင်းတော်မြို့ကို KIA ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲအဖြစ် ပြန်လည်ထိုးစစ်ဆင်နေ 

စစ်ကိုင်းနဲ့ ကချင် အစပ်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အင်းတော်မြို့ကို မြို့သိမ်းတိုက်ပွဲ ပြန်လည်ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း ပြည်သူ ၁၅၀ နီးပါး သေဆုံးဟု AAPP ထုတ်ပြန်

နိုင်ငံတဝန်း အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း အရပ်သား ပြည်သူ ၁၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ထားပါတယ်။