ငလျင်ဒဏ်သင့် ဒေသတွေမှာ နိုင်ငံတကာက လာရောက်တဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုကြောင့် လူပေါင်း ၆၅၃ ယောက်ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၇၀၀ ကျော်ကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့အတွက် နေပြည်တော်မှာ ပြုလုပ်ပေးတဲ့ ဂုဏ်ပြုပွဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်အပြီး ၇၂ နာရီအတွင်း နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်တိုက် ရောက်ရှိလာမှုကြောင့် အခုလိုကယ်ဆယ်နိုင်ခဲ့တာလို့လည်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဆိုပါတယ်။

လက်ရှိရှာဖွေတွေ့ရှိမှုတွေဟာ ဧပြီလ ၈ ရက်နေ့အထိ စာရင်းတွေပဲဖြစ်ပြီး မြေပြင်မှာ တချို့သော ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ရှာဖွေနေဆဲဖြစ်ကာ တချို့သော နိုင်ငံတကာအဖွဲ့တွေကတော့ အသီးသီး ပြန်လည်ထွက်ခွာနေကြပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ယောက် ရောက်ရှိခဲ့တယ်လို့ အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

ပြင်းထန်ငလျင်လှုပ်ခတ်ပြီးနောက် အချိန်နှစ်ပတ်နီးပါး ကြာလာတဲ့အချိန်အထိ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ ချိတ်ဆက်ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဧပြီလ ၉ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်း မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၃၆၀၀ ကျော်သွားပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၃၉) ဦး သေဆုံး

မြန်မာနိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KIA ထိန်းချုပ်နယ်မြေများတွင် စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား ၁၄ ဦးသေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွေက အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရာ တစ်ပတ်အတွင်း အရပ်သား ပြည်သူ ၁၄ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
Read More

တောင်ငူနှင့် တောင်ငူ-လိပ်သိုလမ်းပိုင်းအတွင်း လုပ်ဆောင်ခဲ့သည့် ကမ်းနီကြားဒေသအဖွဲ့၏ စစ်ရေးဖော်ဆောင်မှုများတွင် စစ်အုပ်စု ၄ ဦးထက်မနည်း သေဆုံးခဲ့

ပဲခူးနဲ့ကရင်အစပ်ရှိ တောင်ငူ-လိပ်သိုလမ်းပိုင်းနဲ့ စစ် တောင်းမြစ်အရှေ့ကမ်း ပဒဲကျေးရွာမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲ အကြမ်းဖက်စစ်တပ်ဘက်က ၄ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြင်းမူမှာ ဝန်ထမ်းအိမ်ရာဝန်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဝန်ထမ်းအိမ်ရာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ယောက် သေဆုံးကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံက သိရပါတယ်။
Read More

CDF-မတူပီ၊ တပ်မဟာ ၂ ၊ တပ်ရင်း ၂ က ၄ ကြိမ်မြောက် ညီလာခံကျင်းပ

ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ၊ တပ်ရင်း၂ (အောက်ချင်းတပ်ရင်း) က လေးကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မော်လိုက်ထောင်မှာ အင်အားသုံးဖြိုခွင်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ၏ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု အစီရင်ခံစာ ထွက်ပေါ်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့လက်နက်သုံး​ဖြိုခွင်းမှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊ အချုပ်သားတွေရဲ့ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု ၃ နှစ်ပြည့် အစီရင်ခံစာတစ်ခုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။