မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်မှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဧပြီ ၆ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ ထံက သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီကြာခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြားသေဆုံးကာ အမှတ် ၁၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်သား ၈ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ့အတူ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ BGF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စမ်းချောင်းမြို့နယ်မှာ မီးစက် မီးခိုးငွေ့ကြောင့် မိသားစုတစ်ခုလုံး အသက်ဆုံးရှုံး (ရုပ်/သံ)

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ တိုက်ခန်းတစ်ခုမှာ အပုပ်နံ့ ထွက်နေတဲ့အတွက် ပတ်ဝန်းကျင်က သော့ဖျက်ပြီး ဝင်ရောက်ကြည့်ရှုရာမှာ သေဆုံးနေတဲ့ အလောင်း ၄ လောင်းနဲ့ အိမ်မွေးခွေး ၁ ကောင်ကို တွေ့ရှိခဲ့တယ်လို့ အိမ်နီးချင်း နီးစပ်သူထံက သိရပါတယ်။
Read More

မန္တလေး မဟာအောင်မြေမြို့နယ် ကမ္ဘောဇဘဏ်မှာ လက်နက်ကိုင် ဓားပြတိုက်မှုဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၀၀၀ ကျော် ပါသွား (ရုပ်/သံ)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၃ လမ်း ၄၁ လမ်းရှိ ကမ္ဘောဇဘဏ်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာ သေနတ်ကိုင်ဆောင်ထားသူ ၁ ယောက် ဝင်ရောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

တောကျီးကန်းတပ်ရင်း ရဲဘော်များ၏ နေထိုင်လှုပ်ရှားမှုပုံရိပ်များ ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်မှာရှိတဲ့ တောကျီးကန်းတပ်ရင်း ရဲဘော်တွေရဲ့ နေထိုင်လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

မိတ္ထီလာရှမ်းတဲလေတပ်စခန်းကို ၁၁၁၁ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးအဖြစ် ဒရုန်း ၂၄ စီးအသုံးပြုတိုက်ခိုက်မှုမှာ Y-12 စစ်လေယာဉ် ၂ စီး ပျက်စီးကာ အရာရှိ ၂ ယောက်အပါ စစ်သား ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ရှမ်းတဲလေတပ်စခန်းကို နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက ၁၁၁၁ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးအဖြစ် ဒရုန်း ၂၄ စီးအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ Meiktila Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

ကိုရီးယားနိုင်ငံတွင် ၈ လေးလုံး ကမ္ဘာလုံးဆိုင်ရာ ထီးသပိတ်ပြုလုပ် (ရုပ်/သံ)

(၃၇) နှစ်မြောက် ၈ လေးလုံး အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာထီးသပိတ်လှုပ်ရှားမှုကို ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကချင်၊ စစ်ကိုင်းအစပ် ဆယ်ဇင်းဒေသက ဆိုင်ပန်ကုန်းတပ်စခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းဒေသက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ရဲ့  ဆိုင်ပန်ကုန်းတပ်စခန်းကို ဒီနေ့ နိုဝင်ဘာ ၁၉ ရက် မနက်အစောပိုင်းမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။