စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စစ်ဆင်ရေးစတင်ပြီး ၈ လအကြာမှာတော့ တစ်မြို့လုံးကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
ဧပြီလ ၇ ရက် မနေ့က ညပိုင်းမှာ အင်းတော်မြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ ဂျပန်လှိုဏ်ဂူစခန်းကုန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်ပြီးနောက် တစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သုံ့ပန်း ၄၀ ကျော်နဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လကစလို့ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အင်းတော်မြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွှဲခဲ့ရာ ၂ လအကြာမှာတော့ အင်းတော်မြို့ပေါ်ရပ်ကွက်တွေ အားလုံးနီးပါး သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
မြို့ပေါ်ကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အင်းတော်မြို့က ဂျပန်လှိုဏ်ဂူမှာ ခံစစ်လုပ်ပြီး ခုခံခဲ့သလို အကြမ်းဖက်စစ်ကောင်စီကလည်း စစ်ကူအင်အား ပေးပို့တာတွေ ရှိသလို လေကြောင်းကနေပါ စခန်းမကျရေး အပြင်းအထန် ခုခံခဲ့ပေမယ့် နောက်ဆုံးမှာတော့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်အောက်မှာ စခန်းကို လက်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

Special Operation Group – SOG တပ်ရင်း သင်တန်းဆင်းပွဲနှင့် SOG တပ်ရင်း တည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ P29916 - Special Operation Group (SOG) တပ်ရင်းက သင်တန်းဆင်းပွဲနဲ့ တပ်ရင်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတရား စစ်မှုထမ်းစေခိုင်းခံရသူ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရကာ စစ်တပ်ထဲ မတရား သွတ်သွင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ လက်နက်ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းဆီက သိရပါတယ်။
Read More

သိန်းခွန်ကျေးရွာတိုက်ပွဲမှ တစ်ပတ်အတွင်း စစ်သား ၉ ဦး သေနတ် ၅ လက်နှင့်အတူ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာတိုက်ပွဲကနေ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၉ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၁၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျုံဒိုးမှာ စစ်ကောင်စီတပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။ 
Read More

နွားထိုးကြီးမြို့နယ် သူစိုးကျေးရွာနှင့် မာန်လည်ကျေးရွာတို့ကို စစ်ကောင်စီ ဗုံးကြဲ၊ ပြည်သူများ ထိခိုက်မှုရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က သူစိုးကျေးရွာနဲ့ မာန်လည်ကျေးရွာတို့ကို စစ်‌ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်စခန်းများ၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့သည့် “သိမ်းငှက်စစ်ဆင်ရေး” ထိုးစစ်ကို စပါးရိတ်သိမ်းရာသီနှင့် စစ်ရှောင်အခက်အခဲများကြောင့် ရပ်ဆိုင်းထား

အရပ်သားတွေ စစ်ရှောင်နေရမှုနဲ့ စပါးရိတ်သိမ်းရာသီ ရောက်ရှိလာတာကြောင့် မော်လိုက်ခရိုင်အတွင်းက  သိမ်းငှက်စစ်ဆင်ရေး ထိုးစစ်ကို ရက်အကန့်အသတ်မရှိ ရပ်နားထားကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။