မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ချေ၊ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးရုံးမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ် တပ်ကြပ်တစ်ယောက်ဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့အတူ ပြည်သူရင်ခွင်ဆီ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
မြစ်ချေ၊ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးရုံးမှာ တာဝန်ကျနေတဲ့ တပ်ကြပ် ကိုဖြူလေးက Southern YSO PDF အဖွဲ့ဆီ လက်နက်အပ်ပြီး အလင်းဝင်ရောက်ဖို့ ဆက်သွယ်အကြောင်းကြားလာခဲဲ့တာကြောင့် သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတပ်ကြပ်ဟာ ပခုက္ကူမြို့ ခလရ ၂၅၉ မှာ ၁၀ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်ချင်စိတ် မရှိတော့တာကြောင့် MA 2 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခု၊ 5.56 ကျည် ၃၀၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ အလင်းဝင်လာတာဖြစ်ပါတယ်။
ပြည်သူ့ရင်ခွင်ဆီ လက်နက်အပ် အလင်းဝင်ရောက်လာတဲ့ တပ်ကြပ် ကိုဖြူလေး ကို ကောင်းမွန်နွေးထွေးစွာကြိုဆိုခဲ့ပြီး ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၄၀ ချီးမြှင့်ခဲ့သလို နေထိုင်လိုတဲ့ နေရာဒေသဆီ ပို့ဆောင်ပေးခဲ့ကာ အေးချမ်းစွာ နေထိုင်နေတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် ဖျက်သိမ်းလိုက်တဲ့ ကစထ (၆) ဆိုတာ ဘာလဲ

အကြမ်းဖက်စစ်တပ်ဟာ နေပြည်တော်ကို တာဝန်ယူရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့- ကစထ ၆ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
Read More

CDM များကို အလုပ်မခန့်ရန် လှုံ့ဆော်ခဲ့သည့် ဒေါက်တာနန္ဒဝင်းအား သခင်အားရ ကျွန်ပါးဝအဖြစ် သတ်မှတ်ကာ ပြည်သူ့ဂုဏ်ရည်ဆုရှင်စာရင်းမှ ဖယ်ရှား

ရန်ကုန်တိုင်း၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဆုရှင်အဖြစ်ကနေ ဖယ်ရှားလိုက်ကြောင်းကို ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်သူနှင့် လက်နက်ချ စစ်သုံ့ပန်း အယောက် ၁၈၀၀ ရှိပြီဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံတဝန်း ဩဂုတ်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ကနေ အလင်းဝင်လာသူ ၁၄ ယောက်နဲ့ ​စစ်သုံ့ပန်း ၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်၏ တပ်စိတ်ကို ဝင်ရောက်ပစ်ခတ်၊ စစ်သား ၁ ဦးသေပြီး သေနတ် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်စိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး သေနတ် ၁ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) မှ သင်တန်းသားအသစ်များ လက်ခံခေါ်ယူနေ

အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်းနဲ့ တိုင်းပြည်အခြေအနေ အရပ်ရပ်ကြောင့် တော်လှန်တိုက်ပွဲဝင်လိုပြီး ယုံကြည်ချက်ခိုင်မာတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ တပ်သားသစ်အဖြစ် ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်ပကနေ ပြန်ပို့ခံရတဲ့ စစ်မှုထမ်း စုဆောင်းခံရသူ (၂)ဦး မြိတ် ပကဖ ကို လာရောက်ခိုလှုံ…

ပြည်ပကနေ ပြန်ပို့ခံရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့အထဲ ပါဝင်ခဲ့သူ ၂ ယောက်က လာရောက်ခိုလှုံလာတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။