“ကျနော်တို့ CRPH ကို နိုင်ငံတကာပါလီမန်တွေကနေပြီးတော့ မြန်မာနိုင်ငံရဲ့ တရားဝင်လွှတ်တော်အနေနဲ့ အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ပြည်သူ့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီးတော့ ဒီမှာ ဆွေးနွေးညှိနှိုင်းဖို့ အခွင့်အရေး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာပါလီမန်များ ညီလာခံကို ကျေးဇူးတင်ပါတယ်။ ကျနော် တက်ရောက်ခဲ့တဲ့ အချိန်တိုင်းမှာ ပြည်သူတွေရဲ့ ဒုက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ပြည်သူတွေအတွက် လိုအပ်ချက်တွေ၊ ဒါတွေအတွက် နိုင်ငံတကာက သိအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ “

0 Shares:
You May Also Like
Read More

ဇရပ်ကြီးမြို့အနီး ဒိုးတန်းကျေးရွာက အရပ်သားနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးက ဒိုးတန်းကျေးရွာ အရပ်သားပြည်သူနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖထံက သိရပါတယ်။
Read More

စက်တပ်လေထီး ကြဲချပြီး မပေါက်ကွဲသေးသည့် ဗုံးသီးကို ပြည်သူများ မထိခိုက်စေရန် ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးကနေ ကြဲချထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က ရုပ်သံမှတ်တမ်းဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် 'TRIဗျူဟာ' သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း မှတ်တမ်းရုပ်သံကို အမှတ် -၁၂၂၂ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

အနောက်‌မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာတဲ့ စစ်ယာဉ်တန်းကို ကြားဖြတ်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် Battalion Of Budalin ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာတဲ့ စစ်ယာဉ် ၁၀ စီးခန့် အား ဇန်နဝါရီ ၉ ရက်က ကြားဖြတ်တိုက်ခိုက်ပြီး ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံ ဖိုင်ကို Battalion Of Budalin ( မုံရွာခရိုင်တပ်ရင်း ၂၀) မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

အရာတော်မြို့နယ် ငွေတွင်းပျူကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူကင်းစခန်းအား ဖေ‌ဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ရောင်နီဦးတပ်ရင်း-မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ထံက သိရပါတယ်။
Read More

ညောင်ဦးမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၈ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ထွက်လာတဲ့ အင်အား ၉၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ People's Democratic Army က သတင်းထုတ်ပြန်ထားပါတယ်။