ဆိုးရွားပြင်းထန်တဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း ဧပြီလ ၅ ရက်နေ့အထိ စာရင်းတွေအရ သေဆုံးသူ ၃၄၅၅ ယောက်အထိ ရှိလာပြီဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ထိခိုက်ဒဏ်ရာရာရသူ ၄၈၄၀ ယောက်နဲ့ ပျောက်ဆုံးသူ ၂၁၄ ယောက် ရှိနေပြီး မြေပြင်စာရင်းတွေဟာ ဆက်လက်တိုးပွားလျက်ရှိပါတယ်။

ထိခိုက်ပျက်စီးမှုတွေအနေနဲ့  အဆောက်အအုံ ၅၂၂၃ လုံး၊ စာသင်ကျောင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် စာသင်တိုက် ၂၇၅၂ ကျောင်း၊ ဘုရားစေတီ ၄၈၁၇ ဆူ၊ ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အင်တာနက်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးစနစ်တွေပြတ်တောက်မှုနဲ့အတူ လမ်း၊ တံတားတွေ ပျက်စီးမှုလည်းရှိနေပြီး အချိန်မီပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုတွေအတွက် တစ်ယောက်ကို ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးမယ်လို့ စစ်ကောင်စီက ပြောကြားထားပြီး အဆောက်အဦးထိခိုက်ပျက်စီးမှုတွေအတွက်လည်း ထောက်ပံ့ကူညီသွားမယ်လို့  ထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းတွေဟာ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုကြောင့် အချိန်မီမရောက်ရှိဘဲ မြေပြင်မှာ လိုအပ်ချက်တွေမြင့်မားနေတယ်လို့ ကုလအပါအဝင် နိုင်ငံတကာက ထောက်ပြပြောဆိုနေကြပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်ကို တော်လှန်လိုသည့် တော်လှန်ပြည်သူများအား SSNDF / KNDF B-102 ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ တော်လှန်ပြည်သူတွေကို ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF / KNDF) B-102 က အတူလက်တွဲဖို့ ဖိတ်ခေါ်နေပါတယ်။ 
Read More

ဆင်ပေါင်ဝဲမှာ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ ၆ ဦးထက်မနည်း သေပြီး ၁၀ ဦးကျော် ဒဏ်ရာရ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းကို  မိုင်းဆွဲတိုက်ခိုက်ရာ ၆ ယောက်ထက်မနည်း သေပြီး ၁၀ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

SSRY တပ်ခွဲ ၃ – Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY)၊ တပ်ခွဲ ၃ - Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၅ ဦး သေ

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် အမှတ် ၃၁၉ မိုင်မှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက စစ်အုပ်စုနဲ့  ပြည်သူ့ကာကွယ်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရခိုင်မှာ စစ်အာဏာရှင်အလုံးစုံပပျောက်ရေး ဆောင်ရွက်နေတဲ့ AA ကို ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

အာရက္ခတပ်တော် AA အနေနဲ့ အမ်းက  နပခ တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း အပါအဝင် ရခိုင်ပြည်နယ်တစ်ခွင်လုံး စစ်ကောင်စီကင်းစင် ပပျောက်ရေး လုပ်ဆောင်နေမှုအပေါ် အထူးပင် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

ပေါင်းတည်မြို့နယ်တွင် စစ်အုပ်စုက နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ရွာသား ၂၀ ခန့်ကို ဖမ်းဆီးသွား

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာမှာ အကြမ်းဖက်စစ်အုပ်စုက လူနေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့တဲ့အပြင် အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။