မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခဲ့တဲ့ အင်အားပြင့်ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၀ သန်း ထပ်မံတိုးမြှင့်ထောက်ပံ့ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
ယူကေအနေနဲ့ လက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းတွေအတွက် စတာလင်ပေါင် ၁၀ သန်း ထပ်တိုးပြီး အကူအညီတွေ မြှင့်တင်လိုက်တာဖြစ်တယ်လို့ ဆိုလိုက်တာပါ။
ငလျင်ဘေးအတွက် ယူကေအစိုးရက မတ်လ ၂၉ ရက်က စတာလင်ပေါင် ၁၀ သန်း၊ အရေးပေါ်ဘေးအန္တရာယ်များဆိုင်ရာ ကော်မတီ (Disasters Emergency Committee – DEC) ကတဆင့် ဗြိတိန်နိုင်ငံသားတွေ လှူဒါန်းတဲ့ရံပုံငွေ စတာလင်ပေါင် ၅ သန်းအပြင် အခုထပ်တိုးရံပုံငွေ အပါအဝင် စုစုပေါင်း စတာလင်ပေါင် ၂၅ သန်းကို မြန်မာငလျင်အတွက် ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။
ယူကေအစိုးရရဲ့ အထောက်အပံ့တွေဟာ ငလျင်ဘေးဒဏ်သင့်ဒေသတွေက အကူအညီလိုအပ်သူပေါင်း ၁၅,၀၀၀ ကျော်ဆီ ရောက်ရှိပြီးဖြစ်ပြီး အထောက်အပံ့ပေးရာမှာ ရှေးဦးသူနာပြုအကူအညီပေးခြင်း၊ အရေးပေါ် နဲ့ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုပေးခြင်း၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ စားနပ်ရိက္ခာ၊ ရေ၊ နေထိုင်ဖို့ အမိုးအကာနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းတွေ ပေးအပ်ခြင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။
အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ယူကေဝန်ကြီး Catherine West ကလည်း “အခုလို ငလျင်မလှုပ်ခင်ကတည်းက လေးနှစ်ကြာပဋိပက္ခများရဲ့နောက်ဆက်တွဲအနေနဲ့ မြန်မာဟာ ကမ္ဘာမှာ အဆိုးရွားဆုံးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေထဲက တစ်ခုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကျွန်မတို့အခုလို အရှိန်အဟုန်မြှင့်ပြီး ကူညီတာဟာ မှန်ကန်တဲ့လုပ်ရပ်တစ်ခုပါ။ ယူကေအစိုးရရဲ့ လျင်မြန်တဲ့တုံ့ပြန်ချက်များကြောင့် အသက်ကယ်ဆယ်ရေးထောက်ပံ့မှုများဟာ ငလျင်ဒဏ်အဆိုးရွားဆုံးခံရသူများဆီသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အခု ထပ်တိုးရန်ပုံငွေကြောင့် မြေပြင်မှာရှိနေတဲ့ ကျွန်မတို့ရဲ့မိတ်ဖက်တွေအနေနဲ့ ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ကူညီနိုင်မှာဖြစ်ပါတယ်။” လို့ ပြောကြားထားပါတယ်။
ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အခိုင်အမာပံ့ပိုးပေးနေပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက လူသားချင်းစာနာထောက်ထားမှုအကူအညီ စုစုပေါင်း စတာလင်ပေါင် သန်း ၁၇၀ ကို ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရကလည်း ဘေးအန္တရယ်ကျွမ်းကျင်ပညာရှင်တွေရဲ့ ကနဦး အကဲဖြတ်ဆန်းစစ်ချက်တွေအရ မြန်မာနိုင်ငံအတွင်း ငလျင်ဘေးဒဏ်သင့် အသိုက်အဝန်းတွေကို ပံ့ပိုးကူညီဖို့ အမေရိကန်ဒေါ်လာ ၇သန်းခန့်ကို ထပ်တိုးရံ​ပုံငွေအဖြစ် အသုံးပြုသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဆိုပါတယ်။
မတ်လ ၃၁ ရက်မှာ ကြေညာခဲ့တဲ့ ‌အမေရိကန်ဒေါ်လာ ၂ သန်းနဲ့ အခုထပ်မံပေးအပ်မယ့် အထောက်အပံ့တွေကတစ်ဆင့် ငလျင်ဘေးဒဏ်သင့်အသိုက်အဝန်းတွေအတွက် အရေးပေါ် နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းတွေနဲ့ သောက်သုံးရေတို့ကို ပေးအပ်သွားမယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ငလျင်သင့်ပြည်သူများနှင့် ကယ်ဆယ်ရေး ပရဟိတအဖွဲ့များကို မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုကြောင့် အိန္ဒိယ ပရဟိတ ကယ်ဆယ်ရေးသမား နေရပ်ပြန်

အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေကို စစ်ကောင်စီက လူသားဆန်မှုမရှိသလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါ ဖိနှိပ်ကန့်သတ်နေတာကြောင့် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာတော့မယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံသား စေတနာ့ဝန်ထမ်း Kiran Verma က သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာကို အမြန်ကူညီကြဖို့ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တိုက်တွန်းတောင်းဆို 

ငလျင်ဒဏ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာက အလျင်အမြန် ကူညီပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ Tom Fletcher က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

အနောက်အုပ်စုအကူအညီများ လျှော့ချခြင်းက အရှေ့တောင်အာရှအတွင်း တရုတ်လွှမ်းမိုးမှုကို တိုးလာစေ

ထရမ့်အစိုးရနဲ့ အခြားအနောက်နိုင်ငံက အလှူရှင်တွေရဲ့ အကူအညီတွေ လျှော့ချလိုက်ခြင်းဟာ အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို မြင့်တက်လာစေကြောင်း ဩဇတေးလျ ဉာဏအဖွဲ့အစည်းတစ်ခုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Read More

ဒေသတွင်း ခေါင်းဆောင်နေရာပြန်ယူရန် အသင့်ပဲဟု ထိုင်းပြော

ထိုင်းအနေနဲ့ နှစ်ကာလအတော်ကြာ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ ကျော်လွှားပြီး ဒေသတွင်းခေါင်းဆောင်မှု အခန်းကဏ္ဍကို ပြန်ယူဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖုအန်းကက်ခီယိုက ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်စဉ် ကွာလာလမ်ပူမှာ ပြောခဲ့ပါတယ်။
Read More

တရုတ် ကျားဖြန့်နှိမ်နင်းရေးအဖွဲ့ မြဝတီရောက်လာ

တရုတ် မှုခင်းစုံစမ်းရေးဗျူရို (CIB) အဖွဲ့တစ်ဖွဲ့ဟာ မြန်မာပြည်နယ်စပ် မြဝတီကို ရောက်ရှိလာတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇူလိုင်လ ၇ ရက်က ဖော်ပြပါတယ်။ 
Read More

ဥရောပအခြေစိုက် Airbus ကုမ္ပဏီအနေနဲ့ စစ်ကောင်စီကို လေယာဉ်တွေရောင်းပေးနေတဲ့ AVIC ကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆို

ကမ္ဘာကျော် လေကြောင်းကုမ္ပဏီကြီးဖြစ်တဲ့ Airbus အနေနဲ့ စစ်ကောင်စီကို လေယာဉ်တွေရောင်းချနေတဲ့ တရုတ်အစိုးရပိုင် AVIC နဲ့ ပူးပေါင်းနေမှုကို ရပ်တန်းက အမြန်ဆုံးရပ်ဖို့ မြန်မာပြည်သူတွေတောင်းဆိုသင့်ပြီလို့ သွေးစွန်းငွေ ဖြတ်တောက်ရေး (Blood Money Campaign ) အဖွဲ့က တိုက်တွန်းပြောကြားလိုက်ပါတယ်။