စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ဧပြီ ၂ ရက် ညပိုင်းက ကြေးနီတင်ယာဉ် ၆ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၃ စီး ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။

ဧပြီ ၂ ရက် ညပိုင်းက မုံရွာ-ပုသိမ်းလမ်းပိုင်း ယမားတံတားထိပ်နားမှာ ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဉ် ၃ စီး ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သား ၃ ယောက် သေခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ လမ်းဘေးဝဲယာကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် အခြေစိုက်မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Brother Defence Force PDFတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်မြို့ကို KIA နှင့် ပူးပေါင်းတပ်များ အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် ညပိုင်းမှာ အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တောင်သာ-ကျောက်ပန်းတောင်းလမ်းအထွက်မှာ ဘန်ကာ၊ ကတုတ်ကျွင်းတွေနဲ့ အခိုင်အမာတည်‌ဆောက်ထားတဲ့ စစ်ကောင်စီအထိုင်စခန်းအား စီးနင်းတိုက်ခိုက်၊ ငွေ သိန်း ၉၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာ-ကျောက်ပန်းတောင်းလမ်းအထွက်မှာ ဘန်ကာ၊ ကတုတ်ကျွင်းတွေနဲ့ အခိုင်အမာတည်‌ဆောက်ထားတဲ့ စစ်ကောင်စီအထိုင်စခန်းအား စီးနင်းတိုက်ခိုက်ပြီး ငွေသိန်း ၉၆ သိန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Taung Tha People Defense Force က ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော် တပ်ကုန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံကာ ရေကြီးနေ (ရုပ်သံ)

နေပြည်တော် တပ်ကုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေလျှံပြီး ရေကြီးနေကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်ဗျူဟာရှိ ဘာသာပေါင်းစုံ ရဲဘော် ရဲမေများက ငလျင်ဘေးသင့်ပြည်သူများအတွက် ဆုတောင်းပေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က မိုးကုတ်ဗျူဟာရှိ ဘာသာပေါင်းစုံ ရဲဘော်ရဲမေတွေဟာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့တယ်လို့ မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံပြည်သူများကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို ( ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်တဲ့ ရုပ်သံကို UK in Myanmar က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

အနောက်ပိုင်းစစ်ဌာနချုပ်ကို အကြမ်းဖက်စစ်ကောင်စီတပ်ထံက သိမ်းဆည်းထားတဲ့ သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာတွေ သုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း AA ထုတ်ပြန် (ရုပ်/သံ)

ရခိုင်ပြည် အမ်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာတွေ သုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် (AA)က ထုတ်ပြန်လိုက်ပါတယ်။