အပစ်ခတ်ရပ်စဲမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

ဒီနေ့ ဧပြီလ ၃ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်မှာ ကနီမြို့နယ်၊ မုဌောရွာနဲ့ တောင်ပြောက်ရွာတို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

“မုဌောရွာကို ငါးကြိမ် ကြဲပြီး တောင်ပြောက်ရွာကို တစ်ကြိမ်ကြဲပါတယ်။ Paramorta နှစ်စီးနဲ့ ဒီနေ့ နေ့လယ် ၁၂ နာရီ ၃၀ မှာ လာကြဲသွားတာပါ” လို့ ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ နဂါးညီနောင်အထူးတပ်ဖွဲ့ – D.B.T.F က မောင်းကို ပြောပါတယ်။ 

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ထိခိုက်မှုတွေကို မသိရှိရသေးပေမယ့် လေကြောင်းရန် ကာကွယ်ရေးအတွက် ကျေးရွာနေ ပြည်သူတွေကို ဗုံးခိုကျင်းတွေ ကြိုတင် တူးခိုင်းထားတာကြောင့် လူအသေအပျောက်တော့ မရှိလောက်ဘူးလို့ သူကဆိုပါတယ်။ 

“Paramorta ယာဉ်တွေဟာ နမခကနေ တက်လာတာပါ။ ကနီအရှေ့ခြမ်းက မုဌောရွာ၊ တောင်ပြောက်ရွာ နောက်ပြီးတော့ နတ်ကြီးရွာတွေကို ပစ်သွားပါတယ်။ ၃ ရွာထိပါတယ်။” လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ကိုမြတ်ကို ကလည်း ပြောပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုက ငလျင်ဘေးဒဏ်ကြောင့် အပစ်ရပ်စဲကြောင်း မနေ့က ဧပြီလ ၂ရက်မှာ ကြေညာချက်ထုတ်အပြီး ဒီနေ့ ဧပြီလ ၃ ရက်နေ့မှာပဲ  လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ခေတ္တရပ်စဲပြီး ကယ်ဆယ်ရေးကိုသာ ဦးစားပေးလုပ်ဆောင်ဖို့ အသီးသီး ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် တရုတ်ကို ထွက်ခွာအပြီး နာရီပိုင်းအကြာ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရ

နေပြည်တော်မှာ အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဆီဆိုင်မြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ယန်းပိုင်းကျေးရွာကို စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့မှာ ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

KNU ဌာနချုပ်နေရာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ KNLA တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မော်လမြိုင်တွင် စစ်ကောင်စီ၏ အစိုးရရုံးနှင့် ဝန်ကြီးများအိမ်ရာတို့ကို ဒရုန်းဖြင့်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အရာရှိ ၂ ဦး စိုးရိမ်ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးနဲ့ ဝန်ကြီးများအိမ်ရာတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ ၂ ယောက် စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ Saw Dragon Drone Force-SDDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုထက်မနည်းကို KIA သိမ်းပိုက်ထား

ဗန်းမော်အခြေစိုက် စစ်ကောင်စီ စကခ ၂၁ ရဲ့ ကာကင်းစခန်း ၅ ခုထက်မနည်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA အပစ်ရပ် သဘောတူညီမှုကြောင့် တရုတ်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင် အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံဘက်ကထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်တယ်လို့ ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်တွေမှာ အသိပေး ရေးသားလာကြပါတယ်။