အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ယာယီအပစ်ရပ်ကာလ သတ်မှတ်ကြေညာချက်အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ – KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းထားမယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကြေညာချက်ဟာ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးဒဏ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် ထုတ်ပြန်တာဖြစ်ကြောင်း နားလည်တယ်လို့ KIO က ဆိုပါတယ်။

KIO အနေနဲ့လည်း စစ်ကောင်စီရဲ့ ယာယီအပစ်ရပ်ကာလအတိုင်း ဧပြီလ ၂ ရက်ကနေ ဧပြီလ ၂၂ ရက်အထိ ခုခံကာကွယ်တာကလွဲလို့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ ယာယီ​အပစ်ရပ်ရေး ထုတ်ပြန်ချက် အပိုဒ် ၄ မှာ ယာယီအပစ်ရပ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်တာ၊ တပ်ဌာနချုပ်တွေကို နှောင့်ယှက် တိုက်ခိုက်တာ၊ အင်အားစုဆောင်းတာ၊ ပြင် ဆင် စုဖွဲ့တာ၊ နယ်မြေချဲ့ထွင်တာတွေ မပြုဖို့နဲ့ ပြုလုပ်ရင် လိုအပ်သလို တုန့်ပြန်သွားမယ်လို့ ​ဖော်ပြထားပါတယ်။ 

အဆိုပါအချက်တွေကို အကြမ်းဖက်စစ်ကောင်စီကပါ လိုက်နာဖို့ လိုအပ်တယ်လို့ KIO က သတိပေးထားပါတယ်။

KIO ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း “No ၄ သည် တိုက်ပွဲဆင်နွှဲနေသူများအားလုံး (SACလည်း) လိုက်နာရန် လိုအပ်။ ပြန်လည်ထူထောင်ရေးကို ရေရှည်လုပ်ရမည်ဖြစ်” လို့ မှတ်ချက်ပြုထားပါတယ်။

0 Shares:
You May Also Like
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ကလေးမှာ စစ်မှုထမ်းဖို့ လူငယ် ၁၈၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။
Read More

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် လုပ်ကြံခံရပြီးနောက်ပိုင်း ရန်ကုန်တွင် ဘတ္ထရီစက်ဘီးနှင့် Ebike စီးနင်းသူများ ဖမ်းဆီးငွေညှစ်ခံနေရ

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ရှင်းလင်းခံရပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဘတ္ထရီစက်ဘီးနဲ့ လျှပ်စစ်ဆိုင်ကယ် (Ebike) စီးနင်းသူတွေကို စစ်ကောင်စီက ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်လာကြောင်း မြို့တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံသည့်တိုင် ဘောမိကျေးရွာမှ ထိခိုက်သေဆုံးများစွာနှင့် ဆုတ်ခွါထွက်ပြေးခဲ့ရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲမှာရှိပြီး ရခိုင်နဲ့ ထိစပ်နေတဲ့ ဘောမိကျေးရွာမှာ အာရက္ခတပ်တော် AA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုများစွာနဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွါပေးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့ကို ရှမ်းနီတပ် SNA ပြောက်ကျားတိုက်ခိုက်သည့်အပြင် ဒရုန်းဖြင့် ထပ်မံဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အပေါင်းအပါ ရှမ်းနီတပ် SNA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကသာခရိုင် အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။
Read More

ဘီးလင်းက စစ်ကောင်စီ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က မဲပလီကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၈) လက်အောက်ခံ ဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။