အကြမ်းဖက်စစ်အုပ်စုက အပစ်ရပ်စဲကြောင်း မနေ့က ကြေညာချက်ထုတ်အပြီး ဒီနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးတာ ၊ လက်နက်ကြီးပစ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က တိုက်ခိုက်ခံရတဲ့နေရာရဲ့ မြေပုံနဲ့အတူ အသိပေးထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခတ်တဲ့ နေရာ၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ နေရာနဲ့ ထိုးစစ်ဆင်နေတဲ့ နေရာတွေကို ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က မြေပုံနဲ့တကွ တင်ထားပြီး တော့ ဝိုင်းမော်မြို့နယ်အတွင်းရှိ လမြန်ကျေးရွာအနီးလို့ သိရပါတယ်။

စစ်အုပ်စု ပြုလုပ်နေတဲ့ ထိုးစစ်ဆင် လေကြောင်းတိုက်ခိုက်မှုပြ မြေပုံ

အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတာတွေကြောင့် KIA အနေနဲ့ ခုခံစစ်ဆင်နွှဲခဲ့ရသလို အောက်အင်းတော်ဘက်ကိုလည်း ဒီနေ့မနက် ၆ နာရီခွဲခန့်မှာ လေကြောင်းကနေ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အင်အားပြင်း ငလျင်ဘေးဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန် နိုင်ငံတစ်ဝန်း NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ယာယီအပစ်ရပ်စဲကြောင်း ကြေညာထားသလို အကြမ်းဖက်စစ်ကောင်စီကလည်း မနေ့က ညပိုင်းမှာ အပစ်ရပ်စဲမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

စစ်အုပ်စု ပြုလုပ်နေတဲ့ ထိုးစစ်ဆင် လေကြောင်းတိုက်ခိုက်မှုပြ မြေပုံ
0 Shares:
You May Also Like
Read More

ပေါက်ခေါင်းတွင် တပ်ဖွဲ့အချိန်းအပြောင်းလုပ်နေသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ ဘောင်ဒါအထိုင်စခန်းကနေ လူအချိန်းအပြောင်းလုပ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် အမှတ် (၂)၊ ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်ရှိ မရှီကထောင်ရပ်ကွက်၊ ယူမာကျေးရွာအဝင် တံတားလေးအနီးမှာ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မောင်တောဒေသခံများ တွေ့ဆုံပြီးနောက် ၁၃ နှစ်ကြာ ပိတ်ထားသည့် မေဂျာဗလီ ပြန်လည်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ၁၃ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ဂျာမေဗလီကို အာရက္ခတပ်တော် (AA) ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နေပြည်တော်နှင့် ရှမ်းတောင်အစပ် ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူ ၂ ဦး သေဆုံး

နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အစပ်က ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်၊ သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနဲ့ လူ ၂ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သီတင်းကျွတ်လပြည့်ညတွင် မင်းပြင်ရွာထဲမှ နေအိမ် ၁၀ လုံးခန့်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ အဆိုပါကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။