စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ စစ်တပ်ထောက်ခံသူအများစုရှိနေတဲ့ မြို့မဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လူ၂ ယောက် ​သေဆုံးပြီး ဥူးပဥ္ဇင်း ၁ ပါးနဲ့ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ အင်းတော်မြို့၊ စစ်တပ်ကုန်းပေါ်မှာရှိနေတဲ့ မြို့မဘုန်းကြီးကျောင်းနဲ့အနီးတစ်ဝိုက်ကို မိတ္ထီလာရှမ်းတဲလေဆိပ်တက် ဂျက်ဖိုက်တာတွေက ဗုံးသီး ၄လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်ကမောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဝန်းအတွင်းရှိနေတဲ့ စစ်တပ်ထောက်ခံသူနဲ့ အရပ်သားတွေထိခိုက်သေဆုံးခဲ့တာဖြစ်ပြီး ရပ်​တော်မူဘုရား ရုပ်ပွါးတော်အပါအဝင် ဘုန်းကြီးကျောင်းလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

“ဟုတ်ပါတယ်။ မနေ့က နေ့လည် ၁၂ခွဲလောက်ကနေ ၁နာရီလောက်အထိ ဂျက်ဖိုက်တာနဲ့ လာကြဲတယ်။ အခုဒီနေ့လည်း Y12 နဲ့ အလုံး ၃၀လောက်ချပါတယ်။” လို့ ဒေသခံသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရသည့် ဘုန်းကြီးကျောင်းကို အပေါ်စီးမှ မြင်တွေ့ရစဥ်

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လက စတင်ဖြစ်ပွားခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက အရပ်သား ၁ထောင်ကျော်လောက်ကို အထက်ပါ ဘုရားကုန်း(ခေါ်) စစ်တပ်ကုန်းပေါ်က မြို့မဘုန်းကြီးကျောင်းအတွင်း လူသားဒိုင်းလုပ် ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အရပ်သားတွေ ထွက်လာနိုင်ခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့်လည်း စစ်ကောင်စီထောက်ခံသူတွေ၊ ရဲ၊ ပျူစောထီးမိသားစုဝင်တွေနဲ့ Non CDM ဝန်ထမ်းအများစုသာ အရေတွက် ၅၀နီးပါးလောက်နဲ့စစ်တပ်ကုန်းပေါ် ကျန်ရှိနေခဲ့တာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ အကုန်လုံးထွက်ပြေးသွားကြပြီလို့ ပြောပါတယ်။

“အခုနောက်ဆုံး အဲ့ကုန်းပေါ်ကနေ ကျန်တဲ့သူတွေလည်း အားလုံးထွက်လာကြပါပြီ။ ဒီလူတွေက Non CDM တွေ၊ လုံးဝစစ်တပ်ထောက်ခံတဲ့ အစိမ်းတွေပါ။ စစ်တပ်အမျိုးနွယ်တွေပဲ ကျန်ခဲ့တဲ့သဘောပေါ့။ကျနော်တို့သိတဲ့ ဒလန်တွေပါတယ်။ သူတို့က တိုက်ပွဲဖြစ်ကတည်းက အဲ့ကျောင်းထဲမှာ လူတွေအများကြီး ပိတ်မိခံထားရ၊ ဓားစာခံလုပ်ထားရတုန်းကဆို ​သူတို့က အရပ်သားတွေကို ဖိနှိပ်တာမျိုးတွေ လုပ်ခဲ့သေးတယ်” လို့ ဒေသခံသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

အင်းတော်မြို့အတွင်း လေကြောင်းတိုက်ခိုက်မှုဟာ ဒီနေ့ ဧပြီလ ၂ရက်နေ့မှာလည်း ဖြစ်ပွားခဲ့ပြီး Y12ထောက်ပို့ယာဥ်နဲ့ ဗုံးကြဲခဲ့တာဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ နိုင်ငံနဲ့တစ်ဝှမ်း ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ ငလျင်ဒဏ် ကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ၂ထောင်ကျော်အထိရှိလာနေပြီဖြစ်ပေမယ့်လည်း စစ်ကောင်စီကတော့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။

0 Shares:
You May Also Like
Read More

အုတ်ဖိုတွင် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦး သေ၊ အရပ်သားများကို ၃ လောင်း သယ်ခိုင်းကာ ၂ လောင်း လယ်ကွင်းထဲ ကျန်ခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာထိပ် ရောက်ရှိနေတဲ့ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၆) Black Dragon GBK-PDF ထံက သိရပါတယ်။
Read More

ပဲခူးခရိုင်အမှတ် (၂) တပ်ရင်း စိုးမိုးနယ်မြေမှာ ဗိုလ်ချုပ် နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းတွင် စပါးခင်းများကြား စစ်တပ်ကင်းပုန်းများကြောင့် ပြည်သူများ စပါးရိတ်ရန် အခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စပါးခင်းတွေကြား အကြမ်းဖက်စစ်သားတွေ ကင်းပုန်းဝပ်နေတဲ့အတွက် ပြည်သူတွေ စပါးပြန်လည်ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ဝေါ်လေအကြမ်းဖက်စစ်တပ်စခန်းကနေ ဈေးထွက်ဝယ်တဲ့ကား ပစ်ခတ်ခံရပြီး စစ်သား၂ ယောက် သေကာ ၃ ယောက် ဒဏ်ရာရ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝေါ်လေစခန်းကနေ ကျေးရွာအတွင်း ဈေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

MNDAA (ထောက်/ပို့) ဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲ

မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA (ထောက်/ပို့) ဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ ၂၀၂၄ ခုနှစ် အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ MNDAA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။