ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်မိုးပေါ်ထောင်ကာ ပစ်ခတ် တားဆီးခဲ့ရတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဒီနေ့မှာ ဝန်ခံပြောဆိုလိုက်ပါတယ်။

ငလျင်ဒဏ်သင့်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ တရုတ်နိုင်ငံကြက်ခြေနီအဖွဲ့ရဲ့ ယာဉ် ၉ စီးပါ ယာဉ်တန်းဟာနောင်ချိုမြို့နယ်ကနေ မန္တလေးကို ထွက်ခွာလာချိန် မနေ့က ညပိုင်းမှာ နောင်ချိုမြို့နယ်၊ အုမ္မသီးရွာအနီး စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါယာဉ်တန်းက မြန်မာနိုင်ငံနဲ့ သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံးများတွေကို အကြောင်းမကြားထားသလို ယာဉ်တန်းကို မီးထိုးအချက်ပြ တားဆီးခဲ့ပေမယ့် မရပ်တာကြောင့် သေနတ် ၃ ချက် မိုးပေါ်ထောင်ပစ်မှ နောင်ချိုဘက် ပြန်လှည့်သွားခဲ့တယ်လို့ ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

နောင်ချိုမြို့ကို ထိန်းချုပ်ထားတဲ့ TNLA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီထံ ကြိုတင်သတင်းပို့ထားပေမယ့် စစ်ကောင်စီတပ်က စက်လက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တရုတ်နိုင်ငံကြက်ခြေနီယာဉ်တန်းကို ကာကွယ်စောင့်ရှောက်ထားကာ လိုရာခရီး ပို့ဆောင်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

အုမ္မသီးရွာဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ TNLA တပ်တို့အကြား စစ်ဆိုင်ထားတဲ့နေရာဖြစ်ပြီး လက်ရှိမှာတော့ TNLA အပါ ညီနောင်မဟာမိတ် ၃ ဖွဲ့က ခုခံစစ်ကလွဲလို့ ဧပြီလ တစ်လတာ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အရှိန်မြှင့်လာသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၇၃ ဦး သေဆုံးခဲ့

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ အရှိန်မြှင့်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး ၇၃ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး သေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာ ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဖြစ်စဥ်တွေကို အဓိက ဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူထံ သိရပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ၏ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပခုက္ကူခရိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

စစ်ကိုင်းတွင် စစ်အုပ်စု အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုး​ ဝင်ရောက်နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ​အရပ်သားတွေစိုးရိမ်တကြီး တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။