အကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ရွာကို ဒရုန်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ယောက် သေဆုံးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဧပြီလ (၁)ရက် မနေ့က ညနေပိုင်းမှာ စစ်ကောင်စီတပ်က သဲခေါ်ကျေးရွာကနေ ဆမ္မဆယ်ကျေးရွာကို ဒရုန်းနဲ့ (၁)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ကြဲချခဲ့တဲ့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ယောက် သေဆုံးသွားခဲ့ပြီး နေအိမ်တစ်လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။


ပြီးခဲ့တဲ့ မတ်လ (၃၁)ရက်ကလည်း စစ်ကောင်စီတပ်ကနေ (၁၂၀)မမ ဗုံးသီးသယ်ဆောင်လာတဲ့ ဒရုန်းနဲ့ နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာကို လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်အနေနဲ့ ငလျင်လှုပ်ခတ်ပြီး မတ်လ ၃၁ ရက်ကနေ ဧပြီ ၆ ရက်အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် အရပ်သားတွေ ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်အောင် စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ TNLA က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်ဒဏ်သင့်နေချိန် လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ TNLA အုပ်ချုပ်တဲ့ ခရိုင် (၅)ခုအတွင်းရှိ မြို့နယ်တွေမှာ ပျော်ပွဲရွှင်ပွဲနဲ့ သင်္ကြန်ပွဲတော် မကျင်းပဖို့ TNLA ဗဟိုအုပ်ချုပ်ရေးဌာနက စာထုတ်ပြန် ညွှန်ကြားထားပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီက အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် လေကြောင်းရန်ကာကွယ်ရေးပညာပေး ဟောပြောသရုပ်ပြပွဲနဲ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေအကြောင်း ဆွေးနွေးပွဲ ပြုလုပ်…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာ - အမှတ် ၁၂၂၂ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနဲ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေအကြောင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဇေယျဝတီဘူတာရုံ အပါအဝင် ဖြူးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ပကဖတပ်ဖွဲ့ဝင်များ  ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်က ဇေယျဝတီမြို့ဘူတာရုံအပါအဝင် စစ်ကောင်စီတပ်တွေရှိနေတဲ့  မြို့ပေါ်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း  ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေက CDM စစ်အရာရှိတွေကို အကူညီတောင်းခံပြီး စုံစမ်းနေ

ရှေ့တန်းမှာ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်တပ်ဘက်က တာဝန်ယူမှု လုံး၀မရှိဘဲ မိသားစုဝင်တွေက မိမိအစီအစဉ်နဲ့သာ မိမိမေးမြန်းစုံစမ်းနေရတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီးထက်မြက်ကပြောပါတယ်။
Read More

စစ်အာဏာရှင်ကို တွန်းလှန်မယ့် ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ သင်တန်းဆင်း (ဓာတ်ပုံသတင်း)

ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ အခြေခံစစ်ပညာနဲ့မွမ်းမံ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

မင်းအောင်လှိုင်တက်ခဲ့တဲ့ အားကစားပွဲတွေက AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဂုဏ်ပြုနေတာလား…

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်အတွင်းက မြို့တွေကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်နေချိန်မှာ၊ တိုင်းပြည်ကို အေးချမ်းနေသယောင် ဖန်တီးလိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ AA တပ်တွေကို ဂုဏ်ပြုနေသလားလို့ မေးခွန်းထုတ်ရလောက်အောင် ပျော်ပွဲရွှင်ပွဲတွေကို အဆက်မပြတ် တက်ရောက်နေပါတယ်။
Read More

လက်ပန်လှလေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူ အားလုံး အရေးယူနိုင်အောင် လုပ်ဆောင်မည်ဟု NUG က ထုတ်ပြန်

စစ်ကောင်စီက လက်ပန်လှကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုအတွက် အပြစ်ပေးအရေးယူနိုင်ဖို့ လုပ်ဆောင်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့  လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။