စစ်ကိုင်းမြို့နယ်ကို အခြေပြုပြီး လှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်တဲ့ တုံ့ပြန်မှုမျိုးကလွဲလို့ ထိုးစစ်ဆင်တိုက်ခိုက်တာ လုပ်ဆောင်မှာမဟုတ်ဘဲ ဧပြီ ၁ လတာ တစ်ဖတ်သက် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားတာပါ။

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ငလျင်နောက်ဆက်တွဲ အခြေအနေတွေကို အလေးအနက် စောင့်ကြည့်လေ့လာပြီးနောက် ငလျင်ဒဏ်သင့် ဒေသတွေမှာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေအနေနဲ့ စိတ်လက်ကြည်သာစွာ အရေးပေါ် ကူညီကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေးနဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေ အမြန်ဆုံး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အထူးလိုလားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းမှာ ပြည်သူများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ နေအိမ်တိုက်တာအဆောက်အအုံတွေ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ကျေးလက်ဆေးပေးခန်း၊ ဘုရားကျောင်းကန် စေတီပုထိုးတွေနဲ့ ဗလီတွေအပါအဝင် သာသနိကအဆောက်အအုံတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ များစွာ ပျက်စီးဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကနီမှာ လူထုတွေ့ဆုံပွဲနှင့် လေကြောင်းအန္တရာယ် အသိပညာပေးပွဲများ ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း တစ်နေရာမှာ ကနီမြို့နယ် ပြည်သူ့အခြေပြု ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ မျက်မှောက်တော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ နမခ တပ်နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား၂ဦးကို မုံရွာ ပကဖ စစ်​ဆေးနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်နယ် ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ယောက်ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိပြီး မုံရွာ ပကဖ ထံအပ်နှံခဲ့တယ်လို့ CHU PDF သတင်းနှင့် ဆက်သွယ်ရေး တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲမှာ ထောက်ပံ့ကူညီမှုများ မလုပ်ဆောင်ကြဖို့ ချင်းပြည်သူများကို ICNCC သတိပေး

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မပါဝင်ဘဲ ထောက်ပံ့ကူညီခြင်းတွေလည်း မလုပ်ဆောင်ဖို့ ချင်းပြည်သူတွေကို ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သတိပေး ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီ အပစ်ရပ် ဟန်ပြကြေညာကာ အဆိပ်ငွေ့ဗုံး အသုံးပြုမှုအပါအဝင် အဆက်မပြတ် တိုက်ခိုက်နေကြောင်း TNLA ပြော

မြန်မာပြည်တစ်ဝှမ်း အင်အားပြင်းငလျင်ဒဏ် ခံစားနေရတဲ့ ကာလမှာ အပစ်အခတ်ရပ်စဲထားမယ်လို့ စစ်အုပ်စုက ကြေငြာထားပေမယ့် PSLF/TNLA တအာင်းတပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အဆိပ်ငွေ့ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ ၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။
Read More

KNU ဌာနချုပ်နေရာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ KNLA တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက် လီဆယ်လှည့်ဖြားမှုသာဖြစ်ဟု  NUG ထုတ်ပြန် 

အကြမ်းဖက်စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ လီဆယ်လှည့်ဖြားခြင်းသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။