စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်ဒဏ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ TRI ဗျူဟာက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီးတဝိုက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုတွေအပြင် TRI ဗျူဟာရဲ့ ရဲဘော်တစ်ယောက် ကျဆုံးခဲ့သလို ကျဆုံးရဲဘော်အတွက် အထူးဝမ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် အထူးဝမ်းနည်းကြေကွဲရသလို TRI ဗျူဟာအနေနဲ့ ငလျင်ဒဏ်သင့် ဒေသတွေဆီ အမြန်ဆုံးရောက်ရှိကာ ထိခိုက်ဒဏ်ရာရပြည်သူတွေကို ဆေးဘက်ဆိုင်ရာ အရေးပေါ်ကုသမှုတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

TRI ဗျူဟာရှိ ရဲဘော်တွေ အားလုံးဟာလည်း ကိုယ်တာဝန်ကျရာ ကျေးရွာတွေနဲ့ ရပ်ကွက်တွေမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးတဲ့ အဆောက်အဦးတွေနဲ့ လမ်းတွေ ပိတ်ဆို့ပျက်စီးတာတွေကို ဖယ်ရှားရှင်းလင်းခြင်း၊ ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်းနဲ့ အခြား လိုအပ်တဲ့အကူအညီတွေ လုပ်ကိုင်ပေးနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်သလို ပရဟိတလုပ်အားပေးချင်သူတွေအနေနဲ့လည်း TRI ဗျူဟာရဲ့ မြေပြင်အဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ် ကူညီနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျုံပျော်မှာ အရပ်သား မော်တော်ယာဉ်တွေကို စစ်တပ်အသုံးပြုဖို့ အဆင်သင့်ပြင်ခိုင်းထား

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက မော်တော်ကား ပိုင်ဆိုင်သူတချို့ကို ခေါ်ယူ အစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်တပ်အသုံးပြုဖို့အတွက် မော်တော်ကားတွေကို အဆင်သင့်ပြုလုပ်ထားဖို့ မှာကြားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့သည့် သွေးခွဲနည်းကို ကျော်ဖြတ်နိုင်လျှင် စစ်အာဏာရှင်ကို အနိုင်ရမည်ဟု PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ပြောကြား

စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့တဲ့ တော်လှန်ရေးဘက်တော်သား အချင်းချင်း သွေးကွဲစေမယ့် နောက်ဆုံးစည်းကို ကျော်ဖြတ်နိုင်ရင် စစ်အာဏာရှင်ကို အနိုင်ရမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့ ရွှေဘုန်းရှိန်ဗလီမှာ ဝတ်ပြုနေချိန် ငလျင်လှုပ်လို့ ပြိုကျပြီး လူအသေအပျောက်များ

မန္တလေးတိုင်း၊ ရွှေဘုန်းရှိန်ဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်ကာ ပြိုကျပျက်စီးခဲ့မှုကြောင့် လူအသေအပျောက်များတယ်လို့ သိရပါတယ်။
Read More

ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်…

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

မျိုးဆက်အလိုက် ပုခုံးထမ်း သယ်ဆောင်လာသည့် တော်လှန်ရေး၏ ပန်းတိုင်ကို ယနေ့အချိန် မြင်နေရပြီဟု NUG ယာယီသမ္မတ ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့မှာ ကျရောက်တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲသည် ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေဟု NUG ယာယီသမ္မတ ပြော၊ ရွေးကောက်ပွဲ ထောက်ခံနေသည့် ဒေသတွင်းနိုင်ငံများ စစ်အာဏာရှင်ရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ မျက်နှာကို ငဲ့ဖို့ တောင်းဆို

အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေ မဟုတ်ဘဲ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။