မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku ထံက သိရပါတယ်။

မတ်လ ၂၈ ရက် မနက်ပိုင်းက ရှင်မကန်ပျူစခန်းကို ရော့ကတ် ၃ လုံး၊ မတ်လ ၂၉ ရက် မနက်ပိုင်းက ညောင်ဂျစ်ပင်နဲ့ အနောက်မကျီးကန်ပျူစခန်းတွေကို ရော့ကတ် ၃ လုံးစီနဲ့ မတ်လ ၃၀ ရက် ညနေပိုင်းမှာ အောင်သာပျူစခန်းကို ရော့ကတ် ၃ လုံး အသီးသီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

တိုက်ခိုက်မှုအတွင်း မကျီးကန်ပျူစောထီးတွေဟာ အောင်သာရွာဘက်ကို ထွက်ပြေးသွားပြီး ပျူစောထီးတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

Rocket ဘုရင် စစ်ဆင်ရေး အမှတ်စဉ်(၁) ဖြစ်တဲ့ အဲဒီတိုက်ခိုက်မှုတွေကို ဧရာဒေါင်းတပ်ဖွဲ့နဲ့ COBRA ONE Pakokku တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့ပေါ် လမ်းဆုံဓမ္မာရုံအနီး စစ်ကောင်စီတပ်သားတွေ စနိုက်ပါဖြင့် ပစ်ခတ်ခံရ၊ ၁ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် လမ်းဆုံဓမ္မာရုံ အနီး ကင်းပတ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့  SOLO AUNG GYI အဖွဲ့က ရုပ်သံနဲ့တကွ ဒီနေ့မတ်လ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။  
Read More

ရေတာရှည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုပုံရိပ်များ တောင်ငူခရိုင် – တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်းတပ်ခွဲ ထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း ရဲဘော် မိုက်ကယ် ဦးစီးတဲ့ စစ်တောင်းစစ်ကြောင်းမှ အကြမ်း ဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေးနဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို တောင်ငူခရိုင် - တပ်ရင်းအမှတ် ၃၅၀၂စစ်ကြောင်းတပ်ခွဲ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မံစီမြို့သိမ်းတိုက်ပွဲအတွင်း ABSDF ရဲဘော်တွေရဲ့ တိုက်ပွဲဝင်မှတ်တမ်း (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့က အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွေကို ABSDF ရဲဘော်တွေက တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ကျောင်းသားတပ်မတော် ABSDF က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ လိုင်ဇာမြိုထဲ ဝင်ရောက် (ရုပ်/သံ)

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ လိုင်ဇာမြို့ထဲ ဝင်ရောက်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့ဘက် လက်နက်ကြီး ပစ်ခတ်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု၊ ဗျူဟာမှူးအပါ စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှုအတွင်း ဗျူဟာမှူးအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Special Guerrilla Force - အထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမောက်မြို့ ဌာနဆိုင်ရာရုံးနှင့် အဆောက်အအုံများကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ SNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ရှိ ဌာနဆိုင်ရုံးနဲ့ အဆောက်အအုံတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ SNA ပြည်သူ့စစ်တွေက ပူးပေါင်းမီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ကသာခရိုင်၊ အမှတ် - ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။