နိုင်ငံတဝန်းမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် သေဆုံးသူ ၁ ထောင်ကျော်ရှိလာနေပြီလို့ စစ်ကောင်စီကနေ ဒီနေ့ မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီမှာ သတင်းထုတ်ပြန်လာပါတယ်။

နိုင်ငံအနှံ့ ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့ပေမယ့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတို့ကတော့ ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ ဒေသတွေ ဖြစ်လာပါတယ်။

စစ်ကောင်စီ ကောက်ယူထားတဲ့ စာရင်းအရ မြန်မာတစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၀၀၂ ယောက်ရှိလာပြီး ဒဏ်ရာရရှိသူ ၂၃၇၆ ဦးနဲ့ ပျောက်ဆုံးနေသူမှာ အယောက် ၃၀ ရှိနေတယ်လို့ ကနဦး သိရပါတယ်။

0 Shares:
You May Also Like
Read More

သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်းရဲ့ စစ်သင်တန်းအပတ်စဉ် (၂) ရဲဘော်တွေ ညစစ်ဆင်ရေး လေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

ဆန္ဒပြပြည်သူကို တူမီးဖြင့် ကာကွယ်ပေးခဲ့သည့် ချင်းတော်လှန်ရေးတပ်များ အချင်းချင်း လက်တွဲပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းဒေသကို လက်တွဲထူထောင်နိုင်ဖို့ မျှော်လင့်ကြောင်း NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီနေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ချင်းလူထုကို ဦးဆောင်နေတဲ့ ချင်းတော်လှန်ရေးတပ်တွေ အချင်းချင်း ဆွေးနွေးညှိနှိုင်းတိုင်ပင်ကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင်ဖို့ မျှော်လင့်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
Read More

အသံထက် လေးဆမြန်တဲ့ လေကြောင်းပစ်ဒုံးကျည်ကို တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC က စစ်ကောင်စီထံ ရောင်းချပေးနေ

စစ်ကောင်စီကို လက်နက်တွေထောက်ပံ့ရောင်းချပေးနေတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC က အသံထက် လေးဆ မြန်တဲ့ လေကြောင်းပစ်ဒုံးကျည် SD-10A ကို‌ ရောင်းချပေးနေတယ်လို့ Blood Money သွေးစွန်းငွေအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းငလျင်ကြီးအပြီး ၅ လနီးပါး ကြာမြင့်ချိန် Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁ လောင်း တွေ့ရှိ…

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုမှ အလောင်း ၁ လောင်း ထပ်မံ တူးဖော်ရရှိကြောင်း စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးပကဖ ထံ အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးတစ်ဦး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေး‌ကောင်စီနှင့် ပြင်ဦးလွင်ခရိုင် စစ်ဘက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) ဟာ မန္တလေးဒေသ ပြင်ဦးလွင်ခရိုင်အတွင်းက စစ်ဘက်ရေးရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း MIGC က မနေ့က ဒီဇင်ဘာ ၄ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုလို တွေ့ဆုံစဥ် MIGC က ပြင်ဦးလွင်ခရိုင် စစ်ဌာနအောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေအတွက် ကျပ်သိန်း ၄၀၀ တိတိ ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။