မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် သမိုင်းဝင် အင်းဝမယ်နုအုတ်ကျောင်းအပါအဝင် မြို့တွင်းမြို့ပြင် နေရာတော်တော်များများ ပြိုကျပျက်စီးခဲ့ပြီး၊ သေဆုံးသူ ၁၀၀ ယောက်ကျော် ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရာနဲ့ချီတဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ သိရတာပါ။

မတ်လ ၂၈ရက်မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်အပြီး တံတားဦးမြို့ပေါ်က အထပ်မြင့်အဆောက်အဦး အများအပြား ထိခိုက်ပျက်စီးခဲ့သလို ဥတည်ရွာ အင်းဝမြို့ဟောင်းမှာရှိတဲ့ သမိုင်းဝင် မယ်နုအုတ်ကျောင်းလည်း ဘုံးဘုံးလဲပြိုကျခဲ့တာဖြစ်ပါတယ်။

” တံတားဦးမြို့ပေါ် လတ်တလော သိရတဲ့ စာရင်းအရ သေတာ ၁၀၀ ကျော်ပါပြီ။ ကျန်တဲ့ ၁၄၀ကျော် ဒဏ်ရာရထားသလို ပျောက်ဆုံးနေတာတွေလည်း ရှိနေတယ်။ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်။ အထပ်မြင့်အဆောက်အအုံ အတော်များများ ပါသွားတယ်။ စျေးဆိုင်တွေ အိမ်ငယ်လေးတွေလည်း မလွတ်ဘူး။ နောက်ပြီး အင်းဝမြို့ဟောင်းထဲက မယ်နုအုတ်ကျောင်းနဲ့ အခြား စေတီပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးသွားပါတယ်” လို့ မြေပြင် တော်လှန်ရေးရဲဘော် ၁ ယောက်က မောင်းကို ပြောပါတယ်။

တံတားဦးမြို့နယ်ဟာ စစ်ကောင်စီအပြည့်အဝ စိုးမိုးထားတဲ့ နယ်မြေဖြစ်တာကြောင့် တော်လှန်ရေး အင်အားစုတွေဘက်က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ထင်သလောက် လုပ်ဆောင်ပေးနိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

“တံတားဦးမြို့က စကစ အင်အားအပြည့်နဲ့ နေရာယူထားတဲ့မြို့ပါ။ အဲ့တော့ ကျနော်တို့အနေနဲ့ မြို့ဒီလိုဖြစ်နေတာတောင် ကြည့်နေရသလိုဖြစ်နေတယ်။ ကျနော်တို့မှာ လူငယ်တွေစုဖွဲ့ထားတဲ့ လူမူ့ကယ်ဆယ်ရေးအသင်းပါရှိတာ … ကူညီကယ်ဆယ်ရေး လုပ်ရမယ်ဆိုရင် လုပ်ဖို့က အဆင်သင့်ပါပဲ” လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ မြေပြင်ထိခိုက်သေဆုံးမှုတွေနဲ့ ပြန်လည်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရပ်ဘက်နဲ့ ကြက်ခြေနီလူမှုကူညီကယ်ဆယ်ရေးအသင်းတွေနဲ့ ရပ်ရွာလူထုကပဲ အဓိကလုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နတ်ရေကန်စခန်း ဗျူဟာကုန်း တိုက်ပွဲများမှ ပြေးလာသည့် စစ်ကော်မရှင်တပ်သား ၂၆ ဦးကို CDF-Asho ဖမ်းမိခဲ့ပြီး နယ်မြေရှင်းလင်းချိန် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

မကွေးနဲ့ ရခိုင်အစပ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲတွေကနေ ၂ လအတွင်း စစ်မှုထမ်းတပ်သား ၂၆ ယောက် အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက် ၄ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိထားကြောင်း CDF- Asho သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

လားရှိုးကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကားဝပ်ရှော့နဲ့ ကား ၁၂ စီး ပျက်စီးဆုံးရှုံးခဲ့ရ

လားရှိုးမြို့ကို မနေ့က စက်တင်ဘာ ၂၈ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ကား၁၂စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး သိန်းတစ်ထောင်ကျော်နီးပါး ဆုံးရှုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၈ ရက် မနေ့က ည ၈ နာရီ ၃၄ မိနစ်လောက်မှာ လားရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက် ၈ မန်ဆူဟိုတယ်အနီးကို ပေါင်ချိန်များတဲ့ ဗုံးတစ်လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်း အလွန်အကျွံ အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ ကျောက်တော်၊ အုမ္မခါး စတဲ့ကျေးရွာတွေ၊ လုံစံနဲ့ လုံရဲကျေးရွာကြား၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၆)လုံး၊ လက်နက်ကြီး (၁၁၂) လုံးနဲ့ ဒရုန်းနဲ့ ဗုံးအလုံး (၂၀) လာရောက်ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကားနောက် ဆိုင်ကယ်မောင်းနှင်လာသည့် သားအမိ ၂ ယောက် ဗုံးထိမှန်ကာ သမီးဖြစ်သူ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ကားနောက်ကနေ ဆိုင်ကယ်မောင်းနှင်လာတဲ့ သားအမိ ၂ ယောက် ဗုံးထိမှန်ပြီး သမီးဖြစ်သူ သေဆုံးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) လှုပ်ရှားရာဒေသဖြစ်တဲ့ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်းရှိ လွယ်ဟောင်ရွာနဲ့ ဖက်ရင်းကုန်းရွာကြားမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DPLA က မနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေကို လက်နက်အားကိုးနဲ့ ဖိနှိပ်ခြယ်လှယ်ခဲ့တယ်လို့ KNU ဥက္ကဋ္ဌ ပြော

နိုင်ငံရေး ပြဿနာကို ရိုးသားစွာ ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိဘူးဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရလဒ်မရနိုင်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။