ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုဇုံတွေထဲကတခုကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) အနေနဲ့ တရုတ်နိုင်ငံကို မြေရှားသတ္တု ပြန်တင်ပို့ခွင့်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းအရင်းအမြစ်နှစ်ခုနဲ့ ၎င်းမြင်တွေ့ခဲ့ရတဲ့ ထုတ်ပြန်ချက်တစောင်ကို ကိုးကားပြီး မတ်လ ၂၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။ 

KIA ထိန်းချုပ်ထားတဲ့ ပန်ဝါနဲ့ ချီဖွေက မြေရှားတူးဖော်မှုပိတ်ပင်တာတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက စတင်ခဲ့တာပါ။

မြေရှားသတ္တုဇုံတွေကို KIA သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း တရုတ်ကို တင်ပို့တဲ့ မြေရှားသတ္တုပမာဏ သိသိသာသာကျဆင်းသွားခဲ့ပြီး ဈေးနှုန်းလည်း မြင့်တက်သွားခဲ့ကြောင်း တရုတ်အကောက်ခွန် အချက်အလက်တွေအရ သိရပါတယ်။ 

KIA အနေနဲ့ ကြာသပတေးနေ့ကစပြီး မြေရှားသတ္တုပြန်တင်ပို့ခွင့်ပြုမှာဖြစ်ပြီး အခွန်အဖြစ် တစ်တန်ကို ယွမ် ၃၅,၀၀၀ (ဒေါ်လာ ၄,၈၀၀) ကောက်ခံမှာဖြစ်ကြောင်း ၎င်းဒေသတွင်းက သတ္တုတူးဖော်သူတွေကို ပေးပို့တဲ့ အသိပေးထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

ကချင်ပြည်နယ်တဝန်းရှိ တောင်တန်းများသည် ရှားပါးမြေရှားသတ္တု တူးဖော်မှု၏ အနာတရ အမာရွတ်များကို ခံစားကြရ (ဓာတ်ပုံ Global Witness)

အဆိုပါထုတ်ပြန်ချက်မှာ ရက်စွဲမပါရှိပေမဲ့ ဒီကိစ္စကို သိရှိတဲ့ သတင်းအရင်းအမြစ်တွေကတော့ (မတ်လ ၂၆ ရက်) ဗုဒ္ဓဟူးနေ့က ပေးပို့ခဲ့တာဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တွေက ရိုက်တာကို ပြောပါတယ်။ 

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေရှားသတ္တုရိုင်းနဲ့ ဒြပ်ပေါင်းတွေ အဓိက တင်သွင်း သုံးစွဲသူဖြစ်ပါတယ်။ 

မြေရှားသတ္တုဟာ အဓိကအားဖြင့် ကချင်ဒေသကနေ ထွက်ရှိတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် မြန်မာပြည်ကနေ မြေရှားတင်ပို့မှု ဆိုင်းငံ့သွားတာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းကနေ မတ်လ ၂၄ ရက်အတွင်း တကီလိုကို ယွမ် ၆၅၅၀ အထိ ၂၁.၉ ရာခိုင်နှုန်း ဈေးတက်သွားခဲ့တာဖြစ်ပါတယ်။ 

ဒါပေမဲ့လည်း မြန်မာပြည်ကနေ ရောင်းလိုအား ပြန်တိုးလာမယ်လို့ မျှော်လင့်ရတာကြောင့် ပြီးခဲ့တဲ့ တပတ်အတွင်း ဈေးနှုန်း ၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

မူရင်းသတင်း – Myanmar rebel group allows export of rare earth inventories to China, sources say

0 Shares:
You May Also Like
Read More

အီရန်နှင့် အစ္စရေး အပစ်ရပ်ရေး အပြည့်အဝ သဘောတူပြီး ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု ထရမ့် ကြေညာ

အီရန်နှင့် အစ္စရေး အပစ်ရပ်ရေး အပြည့်အဝ သဘောတူပြီး ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု ထရမ့် ကြေညာ...နဲ့ အီရန်အကြား ၁၂ ရက်ကြာမြင့်ခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအပြီး အပြီးတိုင် အပစ်ရပ်ဖို့ အပြည့်အဝ သဘောတူလိုက်ပြီဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ရေးသားဖော်ပြထားပါတယ်။
Read More

မလေးရှားကို အလုပ်သွားလုပ်မယ့် တရားမဝင် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ၊ မလေးရှားသွားဖို့ ပွဲစားကို တစ်ယောက် ဘတ်တစ်သိန်းကျော် ပေးရကြောင်း ထိုင်းရဲ ဆို

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်ရှိနေတဲ့ ရွှေ့ပြောင်း မြန်မာ ၁၀ ယောက်ကို ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ သတင်းဖော်ပြပါတယ်။ 
Read More

စစ်အုပ်စုနှင့် လက်ဝေခံများ ကျားဖြန့် ရပ်ဝန်းများ ကျယ်ပြန့်အောင် လုပ်ဆောင်ကာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလတွင် တင်ပြ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်နဲ့ သူ့ရဲ့ လက်ဝေခံတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပိုမိုကျယ်ပြန်အောင် လုပ်ဆောင်နေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Read More

ငလျင်သင့်ပြည်သူများနှင့် ကယ်ဆယ်ရေး ပရဟိတအဖွဲ့များကို မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုကြောင့် အိန္ဒိယ ပရဟိတ ကယ်ဆယ်ရေးသမား နေရပ်ပြန်

အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေကို စစ်ကောင်စီက လူသားဆန်မှုမရှိသလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါ ဖိနှိပ်ကန့်သတ်နေတာကြောင့် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာတော့မယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံသား စေတနာ့ဝန်ထမ်း Kiran Verma က သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
Read More

စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း သုံးခုကို ကနေဒါက ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ကြေညာပါတယ်။
Read More

အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး ဖမ်းဆီးထားသူများအား လွှတ်ပေးဖို့ စစ်ကောင်စီကို အမေရိကန် တိုက်တွန်း

စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိ Sean O’Neill က ပြောကြားလိုက်ပါတယ်။