စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ဒီနေ့ နေလယ် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အသင်း (USGS) က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနောက် ၁၂ မိနစ်အကြာမှာ စစ်ကိုင်းမြို့တောင်ဘက် ၁၈ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၆.၄ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း အဆောက်အဦးတိုက်တာတွေ ထိခိုက်ပျက်စီးမှုတွေ ရှိပြီး စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့က ထိခိုက်မှု အများဆုံးဖြစ်ကာ ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ စစ်ကိုင်းတံတားလည်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမှာတော့ မန္တလေးလေဆိပ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနန်းမြို့ရိုးနဲ့ ဂရိတ်ဝေါဟိုတယ်အပါအဝင် အထပ်မြင့်အဆောက်အဦးအချို့ ပြိုကျပျက်စီးတာတွေရှိပြီး လူထိခိုက်မှုတွေ ရှိပေမယ့် အသေးစိတ်ကို မောင်းသတင်းဌာနအနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက အောင်ပန်းမြို့ရှိ အောင်ပန်းဟိုတယ်အပါအဝင် အဆောက်အဦးတစ်ချို့  ပြိုကျပျက်စီးခဲ့သလို ပဲခူးတိုင်းအတွင်းမှာလည်း ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

ကျောက်တံခါးတွင် ငလျင်အပြီး သေဆုံးသူ ၁၁ ဦး ရှိ၊ ရဲနွယ်ဆည်အတွင်း ရေနစ်သူများ အလောင်းပြန်မရသေးသလို သောက်သုံးရေ အခက်အခဲများလည်း ရှိလာ

စစ်ကိုင်းမြို့ကို ဦးတည်လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ စာဖြေသံဃာတော် ၁ ပါးနဲ့ အဘွားအို၁ယောက် အပါအဝင် အရပ်သား ၁၁ ယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။
Read More

စစ်ကောင်စီ မတရားဖမ်းဆီးထောင်ချထားသည့် ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ (ခ) ဦးဇာနည်အောင် ထောင်တွင်း ရရှိသည့် ရောဂါများဖြင့် ပျံလွန်… ၂၀၂၅ ခုနှစ်အတွင်း ကျန်းမာရေးအခြေအနေကြောင့် သေဆုံးရသည့် နိုင်ကျဥ်း ၁၇ ဦးအထိရှိလာ…

" သူတို့(စကစ)ကတော့ သူတို့အာဏာတည်မြဲရေးအတွက် ဆန့်ကျင်တဲ့ဘယ်လို ရဟန်းရှင်လူပြည်သူတွေမဆို အခုလို ဖမ်းဆီးခြင်း၊ ဖိနှိပ်ချုပ်ခြယ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ထောင်ထဲမှာရောက်သွားရင်လည်း ဆေးကုသခွင့်ကောင်းကောင်းမပေးတာတွေလုပ်တယ်။ ဒါတွေက ရှေ့မှာရောအခုရော နောက်လည်းပဲဆက်ရှိနေဦးမှာပါပဲ။ ဒါကြောင့်မို့ NUG အစိုးရအပါဝင် လူအား၊ မူအားဖြင့်ဖြစ်စေ ပြုပြင်ပြောင်းလဲသင့်သူတွေ ပြောင်းလဲပြီး မဟာမိတ်တွေနဲ့စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့လက်တွဲပြီး စစ်အနိုင်တိုက်ရေးကို ဦးတည်ဆောင်ရွက်ကြပါ"လို့ ဦးဓမ္မမေတ္တာ (သံဃသမဂ္ဂ-မန္တလေး)က မောင်းကိုမိန့်ပါတယ်။
Read More

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကလေး ၆ယောက်ရဲ့မိခင် သေဆုံးခဲ့ရ

KNU ထိန်းချုပ်ထားတဲ့ ဖာပွန်ဒေသကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သား ပြည်သူတစ်ယောက် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက် နေ့လည်ပိုင်းမှာ…
Read More

စစ်တပ်လက်ဝေခံပါတီများ မွန်ပြည်နယ်ကနေ ရွေးကောက်ပွဲဝင်မှုအပေါ် မွန်ပြည်သူများက လက်သင့်ခံကြိုဆိုမည် မဟုတ်

အကြမ်းဖက်စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် စစ်တပ်ရဲ့ လက်ဝေခံပါတီတွေကို မွန်ပြည်သူတွေက လက်သင့်ခံကြိုဆိုမှာ မဟုတ်ကြောင်း မွန်အရပ်ဖက်အဖွဲ့အစည်းတွေက ဒီနေ့ ဩဂုတ်လ ၈ရက်မှာ အိတ်ဖွင့်ပေးစာ ထုတ်ပြန်လာပါတယ်။
Read More

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ကျေးရွာအတွင်းမှ မောင်းထုတ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ အရပ်သားပြည်သူ ၆ဝဝဝ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က  ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး ကျေးရွာအတွင်းကနေ ထွက်သွားရမယ်လို့ မောင်းထုတ်ပြီး ဝင်ရောက်တပ်စွဲနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝါရင့်နိုင်ငံရေးသမား၊ နိုင်ငံ​ရေးအကျဥ်းသား​ဟောင်း ​ဒေါက်တာ​နေဝင်း ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သလို ဝါရင့်နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာနေဝင်းဟာ မေလ ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူနဲ့ နီးစပ်သူတွေကတစ်ဆင့် သိရပါတယ်။