အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံကို Shield Women Organization အဖွဲ့ကနေ ဆေးတာဝန်ခံရဲမေ ရိုက်နှက်နှိပ်စက်ခံရပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် ကျူးလွန်သူတွေကို အရေးယူပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။  

ဖြစ်စဉ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရသူ မရည်မွန်အောင်ဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ တစ်ကြိမ်၊ မတ်လ ၂၄ ရက်နေ့မှာ တစ်ကြိမ် လက်ရှိတာဝန်ယူထားတဲ့ တပ်ရင်းကနေ နှုတ်ထွက်ခွင့်ပြုဖို့ (၃) ကြိမ်တိတိ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။ 

မရည်မွန်အောင်ဟာ ကချင်ပြည်နယ်၊ မိုးမိတ်ဆေးရုံက CDM သူနာပြုဖြစ်ပြီး စစ်ဒေသ (၁) အမှတ် (၅၁၅) တပ်ရင်းမှာ ဆေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ညွှန်ကြားချက်အရ ကျောက်ဆည်ခရိုင် တပ်ရင်း (၃) ကို ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။ 

မရည်မွန်အောင်ရဲ့ နှုတ်ထွက်ခွင့်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အကြောင်းပြန်ခြင်းမရှိတာကြောင့် သူမက စစ်ရေးချုပ်ထံကို တိုက်ရိုက်တင်ပြခဲ့တယ်လို့ သိရပါတယ်။ 

(ဓာတ်ပုံ Shield Women Organization)

အဲဒီနောက်မှာတော့ ဝန်ကြီးဌာနရဲ့ နှုတ်မိန့်လို့ တပ်ရင်းမှူးက ပြောဆိုပြီး မရည်မွန်အောင်ကို ဖမ်းဆီးထိန်းသိန်းရာမှာ အမျိုးသားရဲဘော်တွေက ရိုက်နှက်ခံခြင်း၊ အမျိုးသားအကျဉ်းသားနဲ့အတူ ခြောက်ပေါက်ချုပ်ခြင်း၊ သတိလစ်သည်အထိ ဒဏ်ပေးခံရခြင်း၊ ချုပ်ရက်ပြည့်လို့ အကျယ်ချုပ်ဖမ်းဆီးထားရာမှာလည်း မိသားစုတွေနဲ့ ဆက်သွယ်ခွင့်မရအောင် ဖုန်းနဲ့ မှတ်ပုံတင်တို့ကို သိမ်းဆည်းခြင်းကိုလည်း ခံခဲ့ရတယ်လို့ Shield ရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။  

ဒါကြောင့် Shield အမျိုးသမီးအဖွဲ့အနေနဲ့ နစ်နာသူ မရည်မွန်အောင်ကို လုံခြုံတဲ့ နေရာမှာ ယာယီခိုလှုံခွင့်နဲ့ လူမှုရေးအထောက်အပံ့တွေကို ပေးဖို့၊ အကြမ်းဖက်မှု ဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေသူတွေကို ဥပဒေအရ အရေးယူပေးဖို့နဲ့ နစ်နာသူ အမျိုးသမီးကို ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီ ချိတ်ဆက်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။  

“ကျမတို့ MOD တင် မကဘဲနဲ့ NUG အစိုးရ အောက်က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဖြစ်တဲ့ ကလေးသူငယ်နဲ့ အမျိုးသမီး၊ Ministry Justice နောက် Human Right စတဲ့ ဝန်ကြီးဌာနတွေကိုလည်း CC ခံပြီး email ပို့ထားပါတယ်။ MOD ကနေတော့ သူတို့ ဒီကိစ္စကို လက်ခံရရှိပါတယ်… စစ်ရေးချုပ်ရုံးကို ပြန်လည် လွှဲပြောင်းပြီးတော့ ဆက်လက်ဆောင်ရွက်မယ်လို့ ကျမတို့ကို အကြောင်းပြန်လာတာရှိပါတယ်။ ပြီးတော့ Human Right ကလည်း တိုင်ကြားစာဌာနကို ပို့ထားပေးတယ်လို့ အကြောင်းပြန်လာပါတယ် ” လို့ Shield Women Organization အဖွဲ့ ဒုဥက္ကဌ ဒေါ်မိုးသဲစေက မောင်းကို ပြောပြပါတယ်။ 

လတ်တလောမှာတော့ Shield အဖွဲ့အနေနဲ့ ကျူးလွန်ခံရသူ မရည်မွန်အောင်လို့ လုံခြုံရာနေရာဆီ ခေတ္တယာယီ ရွေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။ 

(ဓာတ်ပုံ Shield Women Organization)

“လောလောဆယ်က လုံခြုံရေးအရက NUG အစိုးရ မဟုတ်တဲ့ လူမှုအဖွဲ့အစည်း NGO က လူတွေက လုံခြုံရေးကို တာဝန်ယူထားပေးရတာဖြစ်တယ်။ ဒါကြောင့်လည်း ကျမတို့က NUG ကို လုံခြုံရေးတာဝန်ယူပေးဖို့ တောင်းဆိုနေရတာဖြစ်ပါတယ်” လို့ အခြေအနေတွေကို ရှင်းပြပါတယ်။ 

ဒါ့အပြင် မရည်မွန်အောင်ဟာ သူယုံကြည်ထားတဲ့ တပ်ရင်းကနေ ရိုက်နှက်ခံထားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 

“မရည်မွန်အောင်ကတော့ သူအတွက် တရားမျှတမှု ပေါ်ပေါက်ဖို့ပဲ အရေးယူစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။ နောက်ပိုင်းမှာ ဒီလို ပြဿနာတွေ ခပ်စိပ်စိပ် မြင်လာရတယ်ပေါ့နော်၊ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျမတို့ကတော့ သက်ဆိုင်ရာတော်လှန်ရေး အဖွဲ့အစည်းတွေက အချင်းချင်းထိန်းကျောင်းဖို့ လိုအပ်တဲ့ အခြေအနေကို တကယ်ရောက်လာပြီပေါ့နော်။ အမြန်ဆုံး ထိန်းကျောင်းမှသာလျှင် ဒီလိုမျိုး ဖြစ်စဉ်တွေ လျော့နည်းသွားမယ်၊ ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်”လို့ ဒေါ်မိုးသဲစေက အကြံပြု ပြောဆိုခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးများ ပစ်သွင်းတိုက်ခိုက်ရာ ထိခိုက်မှုများရှိနိုင်

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမပေါ်မှာရှိတဲ့ ကျောက်တံတားရဲစခန်းကို စစ်ရေးပစ်မှတ်အဖြစ် လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Operation Flame အဖွဲ့ထံက သိရပါတယ်။
Read More

အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရမှုအတွက် မသင်္ကာလို့ ဖမ်းဆီးခံထားရသူတွေ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်း ပို့ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခေါင်းကြီး သန်းထွန်းဆိုသူ ချောင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းကျောင်း ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြန်မာမှာ လူသားဆန်မှု ပျောက်ဆုံးနေတာကို ပြသတဲ့ ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ဘုတလင် စီပါရွာဖြစ်စဥ်ဟာ မြန်မာမှာ လူသားဆန်မှုမရှိတော့ဘူးဆိုတာ ပြသလိုက်တာ ဖြစ်တဲ့အကြောင်း ဓာတ်ပုံကမ်ပိန်းကို People Independend Army (PIA) က ပြုလုပ်ခဲ့ပါတယ်။
Read More

ရွှေဝါရောင် စိတ်ဓာတ် ဆုပ်ကိုင်ပြီး နွေဦးတော်လှန်ရေးအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး) ထုတ်ပြန်

ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရင်း နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၁၈ နှစ်ပြည့်အထိမ်းအမှတ် သံဃသမဂ္ဂ(မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

ကြို့ပင်ကောက်တွင် စာမေးပွဲအတွက် စာလုပ်နေသည့် ၁၀ တန်းကျောင်းသား စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ တန်းကျောင်းသားတစ်ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ (၁) တပ်ခွဲမှူးထံက သိရပါတယ်။
Read More

ပအိုဝ်းလက်နက်ကိုင်တပ် PNA ပြည်သူ့စစ်က အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့အတူ တပ်ဖွဲ့ရဲ့ စစ်အင်အား ပြသ (ဓာတ်ပုံသတင်း)

ပအိုဝ်းအမျိုးသားတပ်မတော် - PNA က အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အင်အား နှစ်သောင်းကျော်နဲ့ ပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာလ ၃၀ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီအခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ကော်မတီ ဒုတိယ ဥက္ကဌ ဖြားပီတာထွန်းနိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဦးခွန်နေဝင်းထွန်းနဲ့ ဖြားဗွာခမ်း၊ သူရိယခမ်း၊ စင်းသင်းကောင်ခယ် စတဲ့ အကြီးအကဲတွေက တက်ရောက် အမှာစကားပြောခဲ့တယ်လို့ သိရပါတယ်။