လက်ရှိ  နွေဦးတော်လှန်ရေးဟာ  စစ်အာဏာရှင်စနစ်ဆိုး ကိုတော်လှန်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ဆောက်မယ့်  နောက်ဆုံး တိုက်ပွဲသာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က  နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာက တဆင့် ကြေညာလိုက်ပါတယ်။  

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဖက်ဆစ် အာဏာရှင်များထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်စစ်အာဏာရှင် စနစ်ဆိုးကို အပြီးတိုင် ပပျောက်တဲ့ အထိ တွန်းလှန်တိုက်ထုတ်ပြီး တော်လှန်ရေးအောင်ပွဲများ ရယူနိုင်ဖို့ ဆန္ဒပြုတယ်လို့ CRPH ကဆိုပါတယ်။

မြန်မာနိုင်ငံဟာ  ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဖက်ဆစ်စနစ်ဆိုးရဲ့  လက်အောက် မှာ  ကျရောက်ခဲ့ရပါတယ်။ နည်းလမ်းမျိုးစုံနဲ့  နှိပ်စက်မှုတွေကြောင့် ပြည်သူလူထုတစ်ရပ်လုံးဟာ  ဒုက္ခအတိခံစားခဲ့ကြရပါတယ်။ 

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့  ဗမာ့ တပ်မတော်ဟာ  နိုင်ငံရေးအင်အားစုများ အပါအဝင် အလွှာအသီးသီးမှ တိုင်းရင်းသားပြည်သူများ နဲ့အတူလက်တွဲကာ စုစည်းညီညွတ်မှုနဲ့ ဖက်ဆစ်စနစ်ဆိုး အား တွန်းလှန်တိုက်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

 စည်းလုံးညီညွတ်မှုအင်အား၊ ဇွဲ၊ လုံ့လနှင့် သူ့ကျွန်မခံလိုတဲ့ စိတ်ဓာတ်များနဲ့ ဖက်ဆစ်ဂျပန်များကို တချိန်က မြန်မာ့မြေပေါ်မှ အပြီးတိုင် တော်လှန်တိုက်ထုတ်နိုင်ခဲ့တာ လက်ရှိအချိန်မှာ နှစ်ပေါင်း (၈၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ မိမိနိုင်ငံနဲ့  မိမိလူမျိုးအပေါ် လူမဆန်တဲ့ လုပ်ရပ်များနဲ့  ဖိနှိပ်အုပ်ချုပ်တဲ့  အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်တွင် ယနေ့အချိန်အထိ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ 

ဒါ့ကြောင့်  ယနေ့နွေဦးတော်လှန်ရေးဟာ  စစ်အာဏာရှင်စနစ်ဆိုး ကိုတော်လှန်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ့် နောက်ဆုံး တိုက်ပွဲဖြစ်တယ်လို့ CRPH က သတင်းစကားပါးပါတယ်။ 

တော်လှန်ရေး အင်အားစုများအားလုံး အနေဖြင့် အနာဂတ်မျိုးဆက်သစ်များအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးမှာ  ပြည်သူလူထု၏ ညီညွတ်မှုစွမ်းအားဖြင့် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ထုတ်နိုင်ခဲ့သလို ဇွဲမလျှော့ဘဲ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ CRPH က အလေးအနက်တိုက်တွန်းလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးနှင့် ရွှေကျင်တွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် (၄) နှစ်အရွယ် ကလေးငယ်အပါ ပြည်သူ (၅) ဦး သေဆုံး၊ (၂၅) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၅) ယောက် သေဆုံးပြီး (၂၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

ရေဦးတောင်ဘက် နယ်မြေရှင်းလင်းရေးလုပ်ရန် ထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၁ ဦး ထိမှန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့တောင်ဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force တပ်ဖွဲ့ထံက သိရပါတယ်။
Read More

၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ KNU ဌာနချုပ်ကို စစ်ကောက်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

လာမည့် ၆ နာရီအတွင်း နောက်ဆက်တွဲ ငလျင်တွေရှိနိုင်လို့ ပြည်သူတွေ သတိပြုနေထိုင်ဖို့ စစ်ကောင်စီ ကြေညာ

လာမယ့် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ပြည်သူတွေ ဘေးလွတ်ကင်းရာနေရာတွေမှာ ပြောင်းလဲ နေထိုင်ကြဖို့ စစ်ကောင်စီက အသိပေးထုတ်ပြန်ပါတယ်။
Read More

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုအတွက် ကျူးလွန်သူ၊ စေခိုင်းသူနှင့် ပါဝင်ပတ်သက်သူများကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ကာ ပြည်သူများစွာကို သေစေခဲ့မှုအတွက် ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။