ရန်ကုန်မြို့လယ်ခေါင်မှာ မတ်လ ၂၇ ရက် ဒီနေ့မှာ ကျရောက်တဲ့ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် “အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်” ဆို စာသားပါ ဗီနိုင်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Youth of Anarchy – YOA ဆီက သိရပါတယ်။

Youth of Anarchy – YOA အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အာဏာကို ဗဟိုပြုထိန်းချုပ်တဲ့ အာဏာရှင် စနစ် မုချပြိုလဲရေးအတွက် အခုလို ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ ဆိုင်ကယ် ကယ်ရီသမား အဖမ်းခံရတာကို PDF အလင်းဝင်တယ်ဆိုပြီး စစ်အုပ်စု တမင်ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဂန့်​ဂေါမြို့နယ်အတွင်း စတားလင့် ၆လုံးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားကယ်ရီသမားရဲ့သတင်းကို PDF တပ်ဖွဲ့ဝင် ၁ ယောက် အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပုံမှားရိုက် သတင်းထုတ်ပြန်နေကြောင်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မွန်ပြည်သစ်ပါတီကနေ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို မော်လမြိုင်မှာ ကျင်းပမည်…

မွန်ပြည်သစ်ပါတီ (NMSP) က ဦးဆောင်ပြီး လာမယ့် ဧပြီလ ၂ ရက်မှာ မွန်အမျိုးသား ညီလာခံကို မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ ဓါတုမာလာ မွန်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပသွားမယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

TNLA  ထိန်းချုပ်နယ်မြေများတွင် ကောက်ခံမည့် လျှပ်စစ်မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်

ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်နယ်မြေတွေမှာ ကောက်ခံသွားမယ့် လျှပ်စစ်မီတာခနှုန်းထားတွေကို ဧပြီလ ၁၀ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပူတာအိုကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ KPF အသိပေး

ပူတာအိုဒေသမှာ မကြာခင် ရာနှုန်းပြည့် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအားလုံး အထူးသတိပြုပြီး ကြိုတင်ကာကွယ် ပြင်ဆင်ကြဖို့  ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF) က ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 
Read More

သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကြဲရာ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ သပိတ်ကျင်းမြို့နယ်မှာ ၂ရက်ဆက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦး ရှိလာ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အောက် ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၁၃ ယောက် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။