စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဇီးဖြူးကုန်းရွာကနေ ပြည်သူ့အိုးအိမ်တွေကို ဖျက်ပြီး သီးလုံးပျူစခန်းသို့ သယ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မဟူရာ ရွှေဘိုသားအဖွဲ့ထံက သိရပါတယ်။

မတ်လ ၂၆ ရက် မနက်ပိုင်းက သီးလုံးပျူစခန်းသို့ လာတဲ့ စစ်ကောင်စီတပ်သားတွေကို လမ်းခုလတ်နေရာမှာ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်ခေါင်းဆောင် ဘထော်၊ ရဲတပ်သားနဲ့ ပျူစောထီး ၃ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မဟူရာရွှေဘိုသားPDF၊ DaungMann၊ ဇေယျ‌သွေး၊ Snake Eyes မဟာညီနောင်အဖွဲ့၊ one day အဖွဲ့နဲ့ နယ်မြေခံ ပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့ပေါ် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

အာဏာရှင်တော်လှန်ရေးမှာ ရဲဘော်ရဲဘက်များကို ကယ်တင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့တဲ့ ရဲဘော် Lightning (ရုပ်/သံ)

အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန် တိုက်ပွဲဝင်ရင်း ဒီနေ့မှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တစ်ယောက် ရှိပါတယ်။ သူကတော့ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ဖြစ်ပါတယ်။
Read More

ဘုတလင်မြို့ အထကကျောင်းဝင်းအတွင်း အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ အထကကျောင်းဝင်းအတွင်း အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ပြင်ကန်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People's Democratic Army ထံက သိရပါတယ်။
Read More

မဲစာရင်းမှားနေကြောင်း ဖြေရှင်းတဲ့ ပြည်သူကို မှော်ဘီမြို့ထွေ/အုပ်တာဝန်ရှိသူက ခွေးနဲ့ ခိုင်းနှိုင်း (ရုပ်/သံ)

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက မင်္ဂလာဒုံမြို့နယ်နေ ပြည်သူများကို မဲစာ ရင်းအတွင်း ထည့်သွင်းထားတဲ့အတွက် ပြည်သူများက လာရောက်ဖြေရှင်းရာမှာ ခွေးနဲ့ ခိုင်းနှိုင်းပြော ဆိုခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ်အတွင်း နေထိုင်တဲ့ ပြည်သူတွေဟာ မှော်ဘီမြို့နယ်မှာပါ မဲစာရင်းထပ်မံပါနေတဲ့အတွက် သွားရောက်‌ဖြေရှင်းခဲ့ကြတာဖြစ်ပါတယ်။ ဒေသခံတစ်ဦးရိုက်ကူးထားတဲ့ ဗီဒီယိုအတွင်း ပြည်သူများက မင်္ဂလာဒုံမှာ မဲစာရင်းပါပြီးသားဖြစ်ကြောင်း ပြောဆိုနေစဉ်အတွင်း အုပ်ချုပ်ရေးမှူးဆိုသူက ပြည်သူများကို လက်ညိုးထိုးပြီး ''အားလုံးကို ကျွန်တော်ပြောမယ်။ ခွေးလိုလိုက်မအူကြနဲ့''လို့ ပြောဆိုခဲ့တာပါ။
Read More

ယမ်စီဝမ်ပေါင်မှ ထွက်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ပုသိမ်-မုံရွာ လမ်းပိုင်းမှာ ယမ်စီဝမ်ပေါင်မှ ထွက်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံး ခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။