ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ယောက် သေဆုံးပြီး (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၂၆ရက် ညပိုင်းမှာ နောင်ချိုမြို့နယ်၊ အုမ္မခါး၊ သုံးဆယ်နဲ့ ရွှေညောင်ပင်ကျေးရွာအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးဆယ်ကျေးရွာက အမျိုးသား (၂) ယောက်နဲ့ အမျိုးသမီး (၂) ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အုမ္မခါးကျေးရွာ ဒေသခံ (၄) ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ကျေးရွာရှိ ဒေသခံ နေအိမ်အများအပြား ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲဲ့တဲ့ မတ်လ ၁၆ ရက် ညနေပိုင်းကလည်း နောင်ချိုမြို့ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် အရပ်သားပြည်သူ (၉) ယောက် သေဆုံးခဲ့ပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်ပွားဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်အောင် စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ TNLA က ထုတ်ပြန်အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကျွန်မခံ ဒို့ငြင်းဆန် အမျိုးသားနေ့ ဟစ်ကြွေးသံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက် လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်အာဏာရှင် အုပ်ချုပ်မှုကို မလိုလားကြောင်း ဆန့်ကျင်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန်တိုးမြှင့် ဆောင်ရွက်သွားမည်ဟု CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦး (CNF) အနေနဲ့  ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မတ်လ ၂၀ ရက်မှာ ကျရောက်မယ့် ၃၇ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Read More

ပခုက္ကူမှ ထွက်လာသည့်စစ်ကြောင်း ထိခိုက်သေဆုံးများစွာဖြင့် ပေါက်ကို ရောက်ရှိကာ ပျူနှင့် စစ်တပ်အသိုင်းအဝိုင်း ဟန်ပြကြိုဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းမှာ လနဲ့ချီပိတ်မိနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာကားတန်းဟာ ထိခိုက်သေဆုံးအများအပြားနဲ့ ပေါက်မြို့ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

NUG စာသင်ကျောင်းတစ်ကျောင်းမှာ မတ္တရာ ပကဖ က လေကြောင်းအန္တရာယ် အသိပညာပေးမှု ပြုလုပ်ခဲ့…

အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ မြေပြင်စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသားလူငယ်တွေကို လေကြောင်းအန္တရာယ်အသိပညာပေးမှု ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စမ်းချောင်းမြို့နယ်မှာ မီးစက်မှထွက်သည့် မီးခိုးငွေ့ကြောင့် မိသားစုဝင် ၄ ဦးနှင့် အိမ်မွေးခွေး ၁ ကောင် အသက်ရှုရပ် သေဆုံး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ အိမ်နံပါတ် ၄၄ / ၄လွှာမှာ နေထိုင်တဲ့ မိသားစုဝင် ၄ ယောက်နဲ့ အိမ်မွေးခွေး ၁ ကောင်ဟာ မီးစက်က ထွက်တဲ့ မီးခိုးငွေ့ကြောင့် အသက်ရှုရပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲအတုကို ဝင်ခွင့်ရရေး သက်သက်ခိုင်၏ အသနားခံစာကို စစ်ကော်မရှင် UEC ပယ်ချ

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်ဟာ စစ်ကောင်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိဖို့အရေး စစ်ကောက်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) ကို အသနားခံစာ ၂ဆောင် တင်သွင်းထားပေမယ့် UEC က လက်မခံပဲ ပယ်ချခဲ့တယ်လို့ သိရပါတယ်။ သနားခံစာပယ်ချခံခဲ့ရကြောင်းကို နိုဝင်ဘာလ ၁၄ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ မဲဆွယ်ပွဲမှာ သက်သက်ခိုင်ကိုယ်တိုင် ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။