မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းသားရဲဘော် တွေ သီချင်းဆိုထားတဲ့ ထူးအိမ်သင်ရဲ့ မေမေနေကောင်းလား သီချင်းကို Yenanthar Column က ထုတ်ပြန်လိုက်ပါတယ်။
“အိမ်ကထွက်လာတုန်းကတော့ အမေ့ကို ကန်တော့ခဲ့တာပဲ အမေရေ.. လက်သီးလက်မောင်းတန်းထားတဲ့ ယောကျ်ားရင့်မာကြီးတွေပေါ့.. တစ်ရက်၊ နှစ်ရက်၊သုံးလေးရက် နေ့တိုင်းအမေ့ကိုသတိရပါတယ်အမေရေ။ ကျွန်တော်တို့လည်း မျက်ရည်ကျခွင့်ရှိတယ်မဟုတ်လားအမေ” ဆိုတဲ့ စာသားကိုလည်း ဗီဒီယိုနဲ့အတူ ဖော်ပြထားပါတယ်။
လက်ရှိ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းက ပြုလုပ်ထားတဲ့ ချပ်ဝတ်တန်ဆာ သိန်း ၁၅၀၀ ကမ်ပိန်းဟာ မတ်လ ၃၁ ရက်နေ့မှာ ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် ပါဝင်အားဖြည့်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
0 Shares:
You May Also Like
Read More

ဒီမိုကရေစီနေ့အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားခဲ့သော အထိမ်းအမှတ်မိန့်ခွန်း (ရုပ်သံ)

''ရေဘေးဒုက္ခများကို ပြည်သူများဟာ ဆိုးဝါးစွာ ခံစားနေရတာ စိတ်မကောင်းစွာ မြင်တွေ့နေရ တဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်များရဲ့ အာဏာ လောဘစိတ်များကြောင့် တိုင်းရင်းသားပြည်သူများဟာ စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ် တွေကို အခြားနိုင်ငံများထက် ပိုပြီး ဆိုးဝါးစွာ ရင်ဆိုင်ခံစားနေရတာဖြစ်ပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ဖို့နေနေသာသာ အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်ဖို့သာ တာစူနေတွေ့မြင်ရပါတယ်''
Read More

ရေစကြိုမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံး (ရုပ်/သံ)

အင်အား ၁၀၀ ခန့်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းမြသိန်းတန်ဘုရားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြသိန်းတန်ဘုရားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၂၁ ရက်က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Royal Falcon Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

မြဝတီမြို့ ကျောက်ခက်မှာ နေရပ်ပြန်လိုတဲ့ နိုင်ငံခြားသားတွေနဲ့ DKBA တို့ ပဋိပက္ခဖြစ်ပွား (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ကျောက်ခတ်မှာ ဧပြီ ၁၃ ရက် မနေ့က ကျားဖြန့်လုပ်ငန်းနဲ့ ဆက် စပ်မှုရှိတဲ့ နိုင်ငံခြားသားတွေကို ထိန်းသိမ်းထားရာမှာ နေရပ်ပြန်လိုတဲ့အတွက် ဆန္ဒပြခဲ့ရာကနေ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နဲ့ ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စနစ်ဆိုးကို ဖြိုဖျက်ပြီး စနစ်ကောင်းကို တည်ဆောက်နိုင်ဖို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော်သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာတွေ၊ စက်တပ်လေထီးယာဉ်တွေ နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန် ထားပါတယ်။