မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မီးလောင်ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့လို့ ၉နှစ်အရွယ် ကလေးငယ် ၁ယောက် အပါအဝင် ထန်းတက်သမားမိသားစုဝင်​ ၃ယောက် သေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
မတ်လ ၂၅ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ နွားထိုးကြီးမြို့ အနောက်တောင်ဘက်၊ မာန်လည်ကျေးရွာထန်းတောထဲကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မီးလောင်ဗုံး ၂လုံးကြဲချရင်း ရော့ကတ်တွေနဲ့ပါ တစ်ပါတည်း ပစ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် ထမင်းစားနေတဲ့ ထန်းတက်သမားမိသားစုဝင်​ ၃ယောက် နေရာတင်သေဆုံးပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“မနေ့က မွန်းလွဲ ၁နာရီခွဲလောက်မှာ မာန်လည်ရွာက ထန်းတောထဲကို ဖိုက်တာနဲ့ ၂လုံးကြဲပြီး ရော့ကတ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။ အရပ်သား ၃ယောက် သေပြီး အိမ်၃လုံး (ခန့်မှန်း) မီးလောင်ပြာကျခဲ့ပါတယ်။ ထိသွားတာကမိသားစုဝင် ၃ယောက်ပါ။ ကလေးက မိန်းကလေးပါ။ ၉နှစ်ပဲရှိသေးတယ်။ သားအမိသားအဖ​တွေ ထမင်းစားနေတုန်း ဖြစ်သွားတာပါ။” လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ရက် မနက်လင်းပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေ Mi35 ယာဥ်တွေနဲ့ အလားတူ မီးလောင်ဗုံးတွေ ကြဲချတိုက်ခဲ့ရာ နေအိမ် ၁၀လုံးကျော် မီးလောင်ပျက်စီးပြီး အရပ်သား ၆ယောက် ထိခိုက်ဒဏ်ရာ ကိုယ်စီရခဲ့ကြပါသေးတယ်။
“အခုနောက်ပိုင်း မီးလောင်ဗုံးတွေပဲ သုံးလာတယ်လို့ပြောရမယ်။ ပြီးခဲ့တဲ့ လက်ဝဲ – မြင်းနီနဲ့ ကွမ်းအုံ ရွာတွေတုန်းကလည်း အဲ့ဗုံးကိုပဲ သုံးတာပါ။ ပေါင်ဗုံးကိုမှ မီးလောင်ဗုံးလို့ ခေါ်ရမယ်ထင်တယ်။ ဒီကောင်တွေက မီးလောင်မှုတွေ ပိုဖြစ်စေတော့ အိမ်တွေ အများကြီး လောင်တယ်။ ပြည်သူအပေါ် အဆုံးထိ ယုတ်မာတဲ့အနေနဲ့ သုံးတာပါ။” လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
နွားထိုးကြီးမြို့နယ်ဟာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးလုပ်ဆောင်ရာ မြို့နယ်ဖြစ်တာနဲ့အညီ တော်လှန်ရေးအားကောင်းတာကြောင့် စစ်ကောက်စီက အခုလို အရပ်သားပစ်မှတ်တွေကိုပဲ မကြာခဏ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ပုံစာ – စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများနှင့် ထိခိုက်ပျက်စီးမှုများ
0 Shares:
You May Also Like
Read More

မြန်မာမှာ လူသားဆန်မှု ပျောက်ဆုံးနေတာကို ပြသတဲ့ ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ဘုတလင် စီပါရွာဖြစ်စဥ်ဟာ မြန်မာမှာ လူသားဆန်မှုမရှိတော့ဘူးဆိုတာ ပြသလိုက်တာ ဖြစ်တဲ့အကြောင်း ဓာတ်ပုံကမ်ပိန်းကို People Independend Army (PIA) က ပြုလုပ်ခဲ့ပါတယ်။
Read More

စည်းလုံးညီညွတ်မှုရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ပါက ကရင့်တော်လှန်ရေးအောင်မြင်မယ်လို KNU ဥက္ကဋ္ဌ ပြော

ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အဓိကသော့ချက်ဟာ စည်းလုံးညီညွတ်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
Read More

မုံရွာ နမခ ယာဥ်တန်းအတွက် လုံခြုံရေးယူ စစ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

NUG စာသင်ကျောင်းတစ်ကျောင်းမှာ မတ္တရာ ပကဖ က လေကြောင်းအန္တရာယ် အသိပညာပေးမှု ပြုလုပ်ခဲ့…

အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ မြေပြင်စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသားလူငယ်တွေကို လေကြောင်းအန္တရာယ်အသိပညာပေးမှု ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းက အလင်းဝင်လာသူတွေ အဆိုပါစစ်ကြောင်းကို ချေမှုန်းနေတဲ့ တော်လှန်ရဲဘော်တွေအတွက် နောက်တန်းမှာ ချက်ပြုတ်ပေးနေ (ဓာတ်ပုံသတင်း)

စစ်ကောင်စီက ကရင်ပြည်နယ်ပြန်လည်စိုးမိုးရေးအတွက် နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာသူတွေ ရှိခဲ့ပါတယ်။
Read More

မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ စွက်ဖက်မှုတွေအပေါ် ဆန့်ကျင်ကြောင်းလှုပ်ရှားမှု တရုတ်နှစ်သစ်ကူးနေ့မှာ ပြုလုပ်

မြန်မာ့နိုင်ငံရေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအပေါ် ထောက်ခံကူညီနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြုတဲ့ ဝက်ဝံရုပ်နဲ့အတူ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှုံ့ချတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။