စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်ကောင်စီရ ခြေမြန်တပ်မ ၃၃ က စစ်သား ၇ ယောက် သေဆုံးပြီး ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦးအပါအဝင် စစ်သားအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မတ်လ ၁၁ ရက်ကစလို့ ဒီနေ့အချိန်အထိ မင်းကွန်းတိုက်နယ်‌ဒေသမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုက ၇ ယောက်ခန့်သေဆုံးပြီး ဗိုလ်မှုးကြီး ဇင်မျိုးဦး တပ်မ ၃၃ ရဲ့ ဒုတပ်မမှုး အပါအဝင် အများအပြားဒဏ်ရာရခဲ့တယ်လို့လည်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် ဒုတပ်မမှူး ဇင်မျိုးဦးရဲ့ ဖုန်းကို သိမ်းဆည်းရမိထားပြီး အခြားရာထူးအဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ ကျောင်းနေ အရွယ်မိန်းကလေးတစ်ဦးနဲ့ လှုမှုရေးဖောက်ပြန်မှု အချက်အလက်တွေလည်း အတိအကျရရှိထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဆီက အခြားအရေးကြီး အချက်အလက်တွေလည်း ရရှိထားပြီး လုံခြုံရေးအခြေအနေအရ ထုတ်ပြန်နိုင်တာမရှိသေးဘူးလို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ဆိုပါတယ်။

အဆိုပါတိုက်ပွဲဖော်ဆောင်မှုတွေကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့နဲ့အတူ ထွေလီကာလီ Attacking and Production၊ Acid LPDF (ဝက်လက်)၊ စစ်ကိုင်း pdf၊ မင်းကွန်း pdf၊ တောတွင်းတွတ်ပီ၊ people servant force၊ Phoenix Sgg၊ Royal Falcon Guerrilla Force၊ အင်းသားလေး လက်နက်ကြီးတပ်ဖွဲ့နဲ့ Golden Triangle တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမ်း နပခ ရဲ့ ပကတိမြေပြင်အခြေအနေကို ဖော်ပြကာ အသက်ရှင်ချင်ရင် အလံဖြူထောင်ဖို့ AA သတိပေး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) နေရာတစ်ခုမှာ အလံဖြူထောင် လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံမှတ်တမ်းတိုကို မနေ့က ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ အာရက္ခတပ်တော် AA က ထုတ်ပြန်လာပါတယ်။
Read More

မန္တလေးမှာ ၁၅ ရက်အတွင်း ပေါ်တာဆွဲခံရသူ ၁၂၀ ကျော်အထိရှိလာ

မန္တလေးမှာ ၁၅ ရက်အတွင်း စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ  ၁၂၀ကျော်သွားပြီလို့  မန္တလေးသပိတ်အင်အားစုက  အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖ နဲ့ PDF ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်း စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖနဲ့ PDF တွေက ဇန်နဝါရီလ (၂၀) ရက်မှာ သွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ကရင်နီပြည် ရေဘေးသင့်ပြည်သူတွေကို Loikaw Local PDF က စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ကူညီ

Loikaw Local PDF ဟာ စက်တင်ဘာ ၁၆ ရက်က စလို့ ပြည်သူတွေဆီက ၅ ရက်တာ အလှူငွေ ကောက်ခံခဲ့ရာ ကျပ်သိန်း ၄၀ ရရှိခဲ့ပြီး ရေဘေးဒဏ်ခံစားနေရတဲ့ ကျေးရွာက အိမ်ထောင်စု ၁၀၂ စု စာကို ထောက်ံပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ရွှေမုဌောကျေးရွာအုပ်စုနှင့် နောင်လိတ်ကျေးရွာကြား စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ၊ ရွှေမုဌောကျေးရွာအုပ်စုနဲ့ နောင်လိတ်ကျေးရွာကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဟန်ပြအပစ်ရပ်သက်တမ်းတိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်တွင် အဆိပ်ငွေ့ဗုံးအပါ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဟန်ပြအပစ်ရပ်သက်တမ်းတိုးထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။