ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့ပေါ်မှာ  အပြန်အလှန် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငယ် ၁၅ ယောက်ထက်မနည်း ဖမ်းဆီးခံရကြောင်း Pyay UnderGround News -PUGN က ဖော်ပြပါတယ်။

မနေ့က မတ်၂၃ ရက် ညပိုင်းက ပြည်မြို့ အုန်းတောလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ် အရာရှိတစ်ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အုန်းတောလမ်းအတွင်း PDF အဖွဲ့ဝင်တွေ နေထိုင်တယ်လို့ သတင်းရရှိတာကြောင့် စစ်ကောင်စီအဖွဲ့တွေက ဝင်ဖမ်းရာကနေ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့တာပါ။

အပြန်အလှန် ပစ်ခတ်မှုအတွင်း  ဖမ်းဆီးခံရသူ ၁၀ယောက် ထက်မနည်း ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြည်မြို့ဟာ ပဲခူးအနောက်ခြမ်းက မြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တွေအကြား ထိတွေ့ ပစ်ခတ်မှု မရှိသလောက် နည်းပါးခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။

ပြည်မြို့မှာ မြို့တွင်း စစ်ဆေးမှုမရှိဘဲ မြို့အဝင်အထွက်ဂိတ်တွေမှာသာ ပုံမှန်အတိုင်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုပြီးတဲ့နောက် စစ်တပ်က မြို့လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့ စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ အမှတ် ၉၅၉ အတွင်း ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင် PDF တပ်ရင်း ၃ ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်းနဲ့ အမှတ် ၁၇ တပ်ရင်းတို့ရဲ့ မွမ်းမံသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မှာ ၂ ငါးလုံးအထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်”စာသားကို ကိုင်ဆောင်ပြီး လမ်းလယ်ခေါင်မှာ ဆန္ဒထုတ်ဖော်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့တစ်နေရာမှာ ၂ ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တော်လှန်လူငယ်တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဇီးကုန်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရဲ့ အရှေ့ဘက် တမံကြီးရွာ၊ ဒေါကျော်ရွာနဲ့ ရေတာရှည်ရွာတို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု တပ်ဖွဲ့ဖြစ်တဲ့ BTZM GBK PDF က ထုတ်ပြန်ပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ်တံတားအနီးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ် တံတားအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာလို့လည်း သိရပါတယ်။
Read More

လုံခြုံရေးအကြောင်းပြ ပိတ်ပင်ထားတဲ့ မူဆယ်-မိုင်းယု (၁၀၅) မိုင် လမ်းကို စစ်ကောင်စီ ငွေကြေးတောင်းခံပြီး ဖြတ်သန်းခွင့်ပြုနေ

မူဆယ် - မိုင်းယု (၁၀၅) မိုင်လမ်းကို စစ်ကောင်စီက ငွေကြေးကောက်ခံပြီး စတင်ဖြတ်သန်းခွင့်ပြုနေတယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ မဖြစ်မနေ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေ

စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားတယ်လို့ ယူဆရတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၀၀ကျော်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို ပြောဆိုလိုက်ပါတယ်။