မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦး လမ်းပိုင်းမှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်ချိန် အိမ်စီးကားနဲ့ လာတဲ့ ပျူစောထီး ၂ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၂၃ ရက် မနေ့က မနက်ပိုင်းမှာ ထန်းတပင်ရွာ‌နေ ပျူစောထီး ဇော်မြင့်နဲ့ ဆူးပုဒ်ကုန်းရွာနေ ပျူစောထီး အောင်စိုးဝင်းတို့ကို ပုဂံ-ညောင်ဦး လမ်းပိုင်းတစ်နေရာမှာ Bagan Bo Cho PDF နဲ့ မဟာမိတ်တပ်တွေ ရှောင်တခင် ဖမ်းဆီးစစ်ဆေးချိန် သက်သေခံ စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီရမိတဲ့ ပျူစောထီး ၂ ယောက်ကို စစ်ဆေးမေးမြန်းခဲ့ရာ အဆိုပါပျူစောထီး ၂ ယောက်က ကျော်မျိုးလင်းဆိုသူနဲ့အတူ ကပစ-၂၁ က ကျည် ၅၀၀၀၀ ကို ပခုက္ကူမြို့ တပ်မ-၁၀၁ ဆီ ပို့ဆောင်ပေးခဲ့‌ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ Bagan Bo Cho PDF က ဆိုပါတယ်။

ပုဂံ-ညောင်ဦး လမ်းပိုင်းမှာ Bagan Bo Cho PDF နဲ့ မဟာမိတ်တပ်တွေ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေချိန်
ပုဂံ-ညောင်ဦး လမ်းပိုင်းမှာ Bagan Bo Cho PDF နဲ့ မဟာမိတ်တပ်တွေ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေချိန်

အခုလို စစ်‌ဆေးမေးမြန်းပြီးနောက် အဆိုပါ ပျူ‌စောထီး ၂ ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားဖို့ ပြုလုပ်ချိန် ပြန်လည်ခုခံထွက်ပြေးဖို့ လုပ်ဆောင်တဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ပုဂံ၊ ညောင်ဦးနဲ့ ချောက်မြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို အလေးထားလိုက်နာပေးဖို့ Bagan Bo Cho PDF က မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု မင်္ဂလာပွဲကျင်းပရာ အထိုင်စခန်းကို တော်လှန်ရေးတပ်များ ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်

"မင်္ဂလာပွဲက သူတို့အတွင်းအဖွဲ့တွေပါပဲ။ စစ်သားရယ်၊ ပျူစောထီးရယ်၊ ရဲတွေရယ်ပဲရှိတာပါ။ ပြည်သူတွေက မသွားပါဘူး။ သူတို့က ဟုတ်တဲ့ကောင်တွေမှ မဟုတ်တာ တော်ကြာနေ ပေါ်တာဆွဲနေရင် အခက်ဖြစ်မှာမလို့ မသွားကြပါဘူး။ ကျနော်တို့လည်း အခြားရွာထဲက ပြည်သူတွေ မထိအောင် အတော်ကြိုးစားပြီး ချိန်တွယ်ပစ်ခတ်ခဲ့ရပါတယ်။ မိုးကလည်း တအားသည်းနေပြီးတော်တော်ကို ကြိုးစားခဲ့ရပါတယ်။" လို့ COBRA ONE Pakokku တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဘိလပ်မြေစျေးတင်ရောင်းတဲ့ ဆိုင် ၆၀ ကို စစ်ကောင်စီက အရေးယူ

ဈေးကွက်အတွင်းမှာ ဘိလပ်မြေဝယ်လိုအား မြင့်တက်နေချိန် ဈေးတင်ရောင်းတဲ့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်(၆၀)ကျော်ကိုတည် ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
Read More

ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓာတ်ငွေ့ပိုက်လိုင်းအနီး အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိကြောင်း KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့၊ ထားဝယ်ခီးကျေးရွာအုပ်စုအတွင်းရှိ ကလိန်အောင်စစ်ကောင်စီ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓါတ်ငွေ့ပိုက်လိုင်း အနီး အမျိုးသား အလောင်းတစ်လောင်းကို ဇူလိုင်လ (၂၂) ရက်မှာ ဒေသခံတွေ တွေ့ရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်လှုပ်ခတ်စဉ် ငွေသားလုံခြုံရေးအကြောင်းပြကာ တံခါးပိတ်ခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်မှာ သေဆုံးသူ ၂၀ အထိရှိခဲ့

ငလျင်ကြောင့် ဆိုးရွားစွာ ပြိုကျခဲ့တဲ့ ပျော်ဘွယ်က KBZ ဘဏ်အဆောက်အအုံအတွင်း သေဆုံးသူ ၂၀ အထိရှိခဲ့တယ်လို့ပျော်ဘွယ်မီးသတ်က ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးအိုးဘိုထောင် Drop ဗုံးကြဲခံရမှုကြောင့် နိုင်ကျဉ်း ၁၇ ဦးနှင့် အခြားအကျဥ်းသား ၄ ဦး သေဆုံးကြောင်း PPNM အမည်စာရင်း ထုတ်ပြန်

မန္တလေးအိုးဘိုအကျဉ်းထောင်ရဲ့ အမျိုးသားအဆောင်နေရာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် နိုင်ငံရေး အကျဉ်းသား (၁၇) ယောက် သေဆုံးခဲ့ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က နာမည်စာရင်းနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။
Read More

မြန်မာလုပ်သား ၁၄၀၀ကျော်ကို ဂျပန် ခေါ်ယူမယ်

မြန်မာအလုပ်သမား ၁၄၀၀ ကျော်ကို ဂျပန်နိုင်ငံက ခေါ်ယူသွားဖို့ရှိတယ်လို့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။