စစ်အာဏာသိမ်းစဉ်ကပင် လက်ရှိအချိန်အထိ စစ်ကောင်စီကို ထောက်ခံအားပေးသူတွေနဲ့ စစ်ကောင်စီ အဓိက ထိန်းချုပ်ထားသူတွေသာ ပါဝင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့ အမည်တပ်ထားတဲ့ပွဲကို နေပြည်တော်မှာ ၃ ရက်တာ ကျင်းပမယ်လို့ သိရပါတယ်။

PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို “ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍအလိုက် တတ်သိပညာရှင်တွေ ပါဝင်ဆွေးနွေးမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

NSPNC ၊ EAO တွေနဲ့ နိုင်ငံရေးပါတီတွေ သုံးပွင့်ဆိုင် ပါဝင်တဲ့ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို မတ် ၂၄ ရက်ကနေ ၂၆ ရက်အထိ နေပြည်တော်ရှိ MICC-2 မှာ ပြုလုပ်မယ်လို့  ထုတ်ပြန်ထားပါတယ်။

စကစ၏ ဝါဒဖြန့်မီဒီယာများမှ ဖြန့်ဝေခဲ့သည့် ပိုစတာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အာဏာသိမ်း စစ်ကောင်စီက တစ်ဖက်သတ် ကျင်းပလေ့ရှိပြီး တော်လှန်ရေးအင်အားစုတွေနဲ့ အတိုက်အခံအင်အားစုတွေကိုတော့ ဖိတ်ခေါ်လေ့မရှိပါဘူး။ ဒါ့အပြင် စစ်ကောင်စီက မြေပြင်မှာလည်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားမှုအပါအဝင် နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နေပြည်တော်မှာ  ၂၀၂၅ အလွန် မြန်မာနိုင်ငံ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေအကြောင်းဟုဆိုကာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့၊ သံတမန်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

Monywa Youth Attack Force က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုံသဏ္ဍာန် ဆီမီးအပါ ဆီမီး၂ ထောင် ကပ်လှူပူဇော်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၁၇ တပ်ရင်း၊ တပ်ခွဲ ၃ (Monywa Youth Attack Force) က အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ တော်လှန်သီတင်းကျွတ်လပြည့်နေ့မှာ ပြည်သူတွေနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုံသဏ္ဍာန် ဆီမီးအပါ ဆီမီး၂ထောင် ကပ်လှူပူဇော်ခဲ့ပြီး မီးပုံးပျံတွေ လွှတ်တင်ခဲ့ပါတယ်လို့ သိရပါတယ်။
Read More

ပျူစောထီးမင်းမင်းကို သုတ်သင်ရှင်းလင်းမှုကိစ္စမှာ တာဝန်ရှိတဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို ထောင်အချုပ် ၁ နှစ်စီ ချမှတ်…

ပျူစောထီးခေါင်းဆောင် မင်းမင်းကို သုတ်သင်ရှင်းလင်းခဲ့တဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့နဲ့ ငြိစွန်းနေတဲ့အတွက် ထောင်အချုပ် ၁ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်( မကွေးတိုင်းအရှေ့ခြမ်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မ​ကွေးတိုင်းရှိ ပကဖ ရဲဘော်တွေကို NUG ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူ​တွေ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ မ​ကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံတို့က မ​ကွေးတိုင်းအတွင်းရှိပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို သွားရောက် ​တွေ့ဆုံ အား​ပေးစကား​ပြောကြားခဲ့တယ်လို့ ပကဖအသံက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသည့် MOGE ကို ဆွစ်ဇာလန်ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

အာဏာသိမ်းစစ်တပ်က ၀င်ငွေတွေ မြောက်မြားစွာ ရရှိနေတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပြီ ဖြစ်ပါတယ်။
Read More

ဘန်ကောက်မှာ ရေမြောင်းသန့်ရှင်းရေး လုပ်နေသည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက်သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်စူမြို့နယ်၊ ပါရချူလမ်းမကြီး၊ ဆွယ် ၃၇ အနီး ရေမြောင်းသန့်ရှင်းရေးလုပ်နေတဲ့ မြန်မာအလုပ်သမား ၂ ယောက် လုပ်ငန်းခွင်အတွင်း ဓာတ်လိုက် သေဆုံးသွားတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေသူတွေဆီက သိရပါတယ်။ 
Read More

အကြမ်းဖက် စစ်ခေါင်းဆောင် မန္တလေးမြို့ကို ရောက်နေချိန် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်ရှိနေချိန် တော်လှန်ပြည်သူတွေက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။