မန္တလေး​မြို့၊ မဟာအောင်မြေမြို့နယ်အပါအဝင် မြို့နယ်အသီးသီးက ရပ်ကွက်တွေမှာ လူငယ်တွေ စစ်မှုထမ်း မဲနှိုက်ဖို့အတွက် ရပ်ကျေးအာဏာပိုင်တွေက လိုက်လံ​ပြောဆိုနေကြောင်း Voice Of Mandalay အဖွဲ့က ဖော်ပြပါတယ်။

မဟာ​အောင်မြေမြို့နယ်အတွင်းက ချမ်းမြသာစည်မြောက်၊ မဟာအောင်မြေအနောက်၊ မဟာနွယ်စဥ်စတဲ့ ရပ်ကွက်တွေမှာ စစ်မှုထမ်းမဲနှိုက်ဖို့ရှိတဲ့အတွက် မဖြစ်မနေ တစ်အိမ်တစ်ယောက် လာရောက်ကြဖို့ ရပ်ကျေးအာဏာပိုင်တွေက အသိပေးအကြောင်းကြားစာတွေ လိုက်လံပို့ဆောင်ခဲ့သလိုအသံချဲ့စက်တွေနဲ့လည်း လှည့်လည် နှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မဟာအောင်မြေမြို့နယ်တင်မကဘဲ မန္တလေးတစ်မြို့လုံးနီးပါးမှာ စစ်မှုထမ်းအပတ်စဥ် (၁၂) အတွက် စစ်မှုထမ်းစု​ဆောင်းနေတာလို့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။

စစ်အုပ်စုအဖွဲ့ဝင်များ ရပ်ကွက်အတွင်းလိုက်လံနှိုးဆော်နေပုံ

“၁၀တန်းစားမေးပွဲ ပြီးကတည်းက အစစ်အဆေးတွေ ကြမ်းလာတယ်။ မန္တလေးနေရာစုံမှာ မဲနှိုက်ခိုင်းနေတာပါ။ စစ်သား စုဆောင်းခံရမှုကတော့ များနိုင်တယ်ဗျ။  မရှောင်နိုင်ဆို တချို့လူငယ်တွေက မိဘကို ဒုက္ခဖြစ်မှာကြောက်လို့ပေါ့။ တချို့ကျတော့ရေပေါ်စီလိုနေခဲ့တော့ တော်လှန်ရေးဘက်အချိတ်အဆက်မရှိတာတွေ ပါမယ်ဗျ။” လို့ Voice Of Mandalay အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်မှုထမ်းစုဆောင်းခံရသူတွေကို စစ်ကောင်စီက တိုက်ပွဲရှိရာ နယ်မြေတွေဆီ အချိန်တို သင်တန်းပေးပို့ဆောင်နေတာကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေသလို စစ်သုံ့ပန်းအဖြစ် တော်လှန်ရေးတပ်တွေရဲ့ဖမ်းဆီးမှုကိုလည်း ခံနေကြရတာဖြစ်ပါတယ်။

ဒီအတွက် စစ်မှုထမ်းစုဆောင်းနိုင်ခြေရှိသူတွေနဲ့ စုဆောင်းခံရသူတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ခိုလှုံကြဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းထားပါတယ်။

ဆင့်ခေါ်စာများအား တွေ့ရစဥ်
ဆင့်ခေါ်စာများအား တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ငဖဲမှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမှာ အုပ်ချုပ်ရေးမှူး ဖွင့်ထားသည့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ အုပ်ချုပ်ရေးမှူးရဲ့သား အပါအဝင် ပျူစောထီး ၃ ဦး ပွဲချင်းပြီး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်ပျူစောထီးဂိတ်ကို ဝင်ရောက်တိုက်ခိုက််််််မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ အပါအဝင် ပျူစောထီး ၃ ယောက် နေရာတင် သေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း ဆုတ်ခွာထွက်ပြေးသွားသည့် စစ်တပ်ထံမှ ခဲယမ်းအများအပြား ရရှိ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ရွေးကောက်ပွဲအတွက် လုပ်စရာတွေ ကျန်သေးလို့ဆိုပြီး မင်းအောင်လှိုင် အရေးပေါ်ကာလ နောက်ထပ် ၆လ သက်တမ်းတိုး

စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်ဖို့ တစ်ရက်သာ လိုတော့တဲ့ အချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်ကို အရေးပေါ်ကာလ ၆လ သက်တမ်း ထပ်တိုးလိုက်တယ်လို့  သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူရွာကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး ကလေး ၅ ဦးအပါ ၇ ဦး ဒဏ်ရာရ

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်ပရောက် မြန်မာသံအမတ် ၃၀ ကို NUG က အမည်ပျက်စာရင်းသွင်း

ပြည်ပက မြန်မာသံအမတ်နဲ့ သံတမန် အယောက် သုံးဆယ်ကို NUG အမည်ပျက်စာရင်းသတ်မှတ်လိုက်တယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။