အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဧပြီလထဲမှာ လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဧပြီလ ၃ရက်ကနေ ၄ရက်အထိ ဘန်ကောက်မှာ ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် ဘက်စုံကဏ္ဍနယ်ပယ်ဆိုင်ရာ နည်းပညာနဲ့ စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ရဲ့ ဆဌမအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မှာ ဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Thai PBS World)

၁၉၉၇ ခုနှစ်က ဘန်ကောက်မြို့မှာ တည်ထောင်ခဲ့တဲ့ BIMSTEC ဟာ ဘင်္ဂလားပင်လယ်အော်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နိုင်ငံတွေအကြား ထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်းစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ်က သဘာပတိအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံတို့က ခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။

စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် ICC တရားရုံးကနေ ဖမ်းဝရမ်းထုတ်မယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံကိုလာမယ့်ခရီးစဉ်ဟာ တကယ်ဖြစ်လာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမယ့်အခြေအနေလို့ နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ဆိုကြပါတယ်။

0 Shares:
You May Also Like
Read More

အင်းစိန်ထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ ရုပ်အလောင်းအား ယနေ့မနက် သင်္ဂြိုဟ်မည်

အင်းစိန်အကျဥ်းထောင်အတွင်း စစ်တပ်ရဲ့ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကို ခံစားရင်း ကွယ်လွန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို ဒီနေ့ မနက်ပိုင်းမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်တဲ့ တောင်းဆိုမှုတွေကို လိုက်လျောမှာ မဟုတ်ဘူးဟု စစ်ရှုံးနေသည့် အကြမ်းဖက် မင်းအောင်လှိုင် ဆိုပြန်

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကိုင် အကြမ်းဖက်ပြီး တောင်းဆိုမှုတွေကို လိုက်လျော ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင်  မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မန္တလေး ဆေးတက္ကသိုလ် CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို NUG ကျန်းမာရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်…

မန္တလေး ဆေးတက္ကသိုလ်က CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မေလ ၁၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေကြီးမှုကြောင့် မယ်စဲ့တံတားကျိုးကျ

ကရင်နီဒေသ၊ မယ်စဲ့မြို့က မယ်စဲ့တံတား ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာလ ၂၁ရက်၊ မနေ့က မနက်ပိုင်းမှာ တံတား ကျိုးကျသွားတာဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်တလင်းတွင် ဒေသခံ ၂ ဦး ပေါ်တာဆွဲ ခေါ်ဆောင်ခံရ၊ တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရဟု ဆို

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဒေသခံအမျိုးသား ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့် ပိုက်ဆံပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေစကြိုနယ်က ထွက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ဗိုလ်ကြီးတစ်ဦးအပါ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရတဲ့အတွက် ဗိုလ်ကြီးတစ်ယောက်အပါအဝင် ၃ ယောက်သေဆုံးသွားတယ်လို့ ရေစကြိုမြို့နယ် ပကဖ ရဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ နိုဝင်ဘာ ၇ ရက် မနေ့က နေ့လယ် ၂ နာရီလောက်မှာ ရေစကြိုမြို့နယ် တပ်၃တပ်က အင်အား (၅၀) ဝန်းကျင်နဲ့ စုပေါင်းထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပေကုန်းကျေးရွာရေတံခါးအနီး လမ်းကင်းယူနေချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။