ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ တောမီးလောင်ကျွမ်းမှု များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ မတ်လ ၂၃ ရက် ညနေပိုင်းမှာ စတင်ပြီး ဝိဇ္ဇာညီနောင်၊ နွားလဘို့လျှိုထဲမှာ တောမီး စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုဟာ ဇွဲကပင်တောင်ကြောတစ်ခုလုံးမှာ ဖြစ်ပေါ်နေပြီး ဟိုတယ်ဇုန်နဲ့ နီးကပ်လာတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဇွဲကပင်တောင်မှာ နှစ်စဉ်နှစ်တိုင်း တောမီးလောင်နေကျဖြစ်ပေမယ့် လက်ရှိ လောင်ကျွမ်းမှုက မီးများနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံဖို့ ဆောင်ရွက်ပေးမယ်လို့ မင်းအောင်လှိုင် ဆိုပြန်

အုပ်ချုပ်သူအစိုးရ၊ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့စားရေးမှာ ဖူလုံမှုရှိစေရေးကို ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက (၆၅) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့…

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၆၅) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ CRPH ရဲ့ သဝဏ်လွှာထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ မဟာမိတ်တွေရရှိခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှုတွေ၊ စစ်ရေးအရ သိသာထင်ရှားတဲ့ အောင်ပွဲတွေနဲ့ နယ်မြေထိန်းချုပ်မှု ရရှိထားနိုင်မှုတို့အတွက် ဂုဏ်ယူလေးစားတယ်လို့ ဖော်ပြထားပါတယ်။
Read More

တောင်စုတိုက်ပွဲနှင့်တော်ဝိတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား နေရပ်သို့ပြန်လည်ပို့ဆောင်ဟု KNU ထုတ်ပြန်၊ မပြန်နိုင်သေးသည့်သူများအား အလုပ်အကိုင်ရှာဖွေပေးကာ ထိန်းသိမ်းထားရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ တောင်စုတိုက်ပွဲနဲ့ ကျောက်ကြီးမြို့နယ်၊ တော်ဝိတိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို နေရပ်ဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတွင် အသက် ၈၀ ကျော် အဘွားအိုနှင့် မြေးဖြစ်သူကို သံတူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ပိုက်ဆံများ ယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူ အလယ်တန်းပြဆရာမကို ဖမ်းဆီးရမိဟု စစ်အုပ်စု ထုတ်ပြန်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက် ၈၄ နှစ်အရွယ် အဘွားအိုနဲ့ မြေးဖြစ်သူတို့ကို အိမ်သုံး သံရိုက်တူနဲ့ ရိုက်နှက်ပြီး ရွှေတုံးနဲ့ ငွေတွေ ယူဆောင်သွားတဲ့ အဘွားအိုရဲ့ တူမဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်းက ရေဘေးသင့် ပြည်သူတွေအတွက် NUG အစိုးရက အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ပေးနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေက ဒေသခံပြည်သူများအတွက် “တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်" အစီအစဉ်ကတဆင့် ပေးပို့လှူဒါန်းကြတဲ့ အလှူငွေတွေကို ရေဘေးသင့် ပြည်သူတွေဆီ မြေပြင်တာဝန်ခံတွေနဲ့ ပူးပေါင်းချိတ်ဆက် ထောက်ပံ့နေတယ်လို့ သိရပါတယ်။