ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးဗြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့ (MPRT) မှာ တာဝန်ထမ်းဆောင်ဖို့အတွက် သူနာပြုဆရာမ ၂ ယောက် ခေါ်ယူမယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ တော်လှန်ရေးမှာ စိတ်အားထက်သန်သူ ဖြစ်ဖို့လိုပြီး တိုက်ပွဲ ဖြစ်ပွားချိန်မှာ ရှေ့တန်းဆေးအထိုင်စခန်းအထိ လိုက်နိုင်််ဖို့လိုသလို ကာကွယ်ရေးဝန်ကြီးဌာန – MOD လက်အောက်ခံ တပ်ရင်းဆေးအဖွဲ့ဖြစ်တဲ့အတွက် ခံဝန်ကတိ လက်မှတ်ထိုးကာ (၂) နှစ် တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ ဆိုပါတယ်။
မိုးဗြဲ PDF ကယ်ဆယ်ရေးတပ်ဖွဲ့အနေနနဲ့ လစာ မပေးနိုင်ပေမယ့် နေရေးထိုင်ရေးနဲ့ အစားအသောက်ကို အပြည့်အဝ တာဝန်ယူပေးမှာဖြစ်သလို တောထဲရှိ စခန်းနဲ့ ဆေးခန်းမှာ နေထိုင်ရမှာဖြစ်တဲ့အတွက် အနေအထိုင် အနည်းငယ် ဆင်းရဲနိုင်မယ်လို့ MPRT က ဆိုပါတယ်။
မြို့ပေါ်ဘဝတွေနဲ့ မတူပဲ အခက်အခဲများစွာရှိနိုင်သလို ဒုက္ခများစွာလည်း ကြုံရနိုင်တာကြောင့် ဒုက္ခတွေကို သည်းခံပြီး တော်လှန်ရေးရဲဘော်တွေရဲ့ အသက်ကို ကယ်တင်ချင်မှသာ လျှောက်ထားဖို့ MPRT က ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲတွေနဲ့ ပေးဆပ်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ရပြီး ဒုက္ခရောက်ကာ အကူအညီလိုအပ်နေသူတွေ ထိထိရောက်ရောက် ကူညီကယ်တင်ပေးနိုင်သလို လူကိုလူလို မြင်ပြီး လူလူချင်း ဖေးမကူညီနိုင်တယ်လို့ ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်းနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား… (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော်က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဇွန်လ ၂၇ ရက် မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်မြေပြင်မှာ တူရွင်း၊ ဂေါ်ပြားမပါဘဲ အရေးပေါ် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အမြန်တူးနိုင်ဖို့ သင်ကြားပေးနေ (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်မှာ တူရွင်း၊ ဂေါ်ပြားမပါဘဲ အရေးပေါ် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အမြန်တူးနိုင်အောင် အခြေခံစစ်ပညာသင်တန်းကာလကတည်းက ရဲဘော်တွေကို သင်ကြားပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း (Myanmar Defense Force) က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နတ်မြစ်ထဲ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို AA ပစ်ခတ်ဟုဆို

“မနက်က (ပြီးခဲ့တဲ့တနင်္လာနေ့) ဂျလီယာပရာ တဖက်ကမ်း နတ်မြစ်ထဲကို ငါးဖမ်းသမား ၃ ယောက် ငါးသွားဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကနေ မြန်မာပိုင်နက်ထဲကျော်သွားတော့ အာရက္ခတပ်က သူတို့ကို ပစ်လိုက်တာ ၂ ဦး ဒဏ်ရာရသွားတယ်”လို့ တက္ကနက်ဒေသ အုပ်ချုပ်ရေးမှူး Sheikh Ehsan Uddin က ပြောပါတယ်။
Read More

သထုံခရိုင်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ စစ်ကူပို့ပေးရာ ဂိတ်နှစ်ခုကို တော်လှန်ရေးတပ်များ ပြောက်ကျားဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၁၀ ယောက် ထက်မနည်းသေ

စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်းမြောက်ဘက်ခြမ်းက ထိတွေ့တိုက်ပွဲတွေအတွက် စစ်ကောင်စီရဲ့ စစ်ကူ တပ်တွေရှိရာ စစ်ကိုင်းတက္ကသိုလ်ရှေ့က စစ်တပ်ဂိတ်နဲ့ ကံတလူဂိတ်တို့ကို တစ်ပြိုင်နက်တည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူးရိုးမ၊ ဆွာဆည်တမံပေါ်ရှိ စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်၊ ဗိုလ်ကြီးအဆင့်ရှိသူတွေအပါ ၆ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ…

"ဆွာမြို့နယ်ထဲမှာရှိတဲ့ ဆွာတမံပေါ်က ရန်သူ့အထိုင်စခန်းကို အလစ်အငိုက်ယူပြီး ဝင်ရောက်သိမ်းပိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန် ခန့်မှန်း မိနစ် ၄၀ လောက်ကြာပါတယ်။ ဟုတ်ပါတယ် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရှေ့မှာလည်း တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း​တို့နဲ့ ပေါင်းပြီးစစ်ရေးဖော်ဆောင်ခဲ့တာတွေအများကြီးရှိခဲ့ပေမယ့် အခုမှ လူထုကိုချပြတာပါ။" လို့ တိုက်ပွဲဖော်ဆော်ရာမှာပါဝင်ခဲ့တဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူကလည်း မောင်းသတင်းဌာနကို ပြောပါတယ်။