ကရင်အမျိူးသားအစည်းအရုံး-KNU ရဲ့ အုပ်ချုပ်နယ်မြေတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပေမယ့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရစစ် စာမေးပွဲကို တာဝန်ရှိခေါင်းဆောင်တွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ ပူးပေါင်းဆောင်ရွှက်မှုနဲ့ မတ်လ ၁၄ ရက်မှာ အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ကော်သူးလေအစိုးရစစ်စာမေးပွဲကို Karen Education Culture Department (KECD) Grade – 6 ၊ Grade 9 ၊ Grade 12 စတဲ့ အတန်းပညာရေးကျောင်းသားကျောင်းသူတွေက နှစ်စဉ်နှစ်တိုင်း ဖြေဆိုရတာဖြစ်ပါတယ်။
ပုံစာ – စာမေးပွဲ ဖြေဆိုတဲ့ ကျောင်းသူ ကျောင်းသားများ…
0 Shares:
You May Also Like
Read More

တောင်ငူနှင့် တောင်ငူ-လိပ်သိုလမ်းပိုင်းအတွင်း လုပ်ဆောင်ခဲ့သည့် ကမ်းနီကြားဒေသအဖွဲ့၏ စစ်ရေးဖော်ဆောင်မှုများတွင် စစ်အုပ်စု ၄ ဦးထက်မနည်း သေဆုံးခဲ့

ပဲခူးနဲ့ကရင်အစပ်ရှိ တောင်ငူ-လိပ်သိုလမ်းပိုင်းနဲ့ စစ် တောင်းမြစ်အရှေ့ကမ်း ပဒဲကျေးရွာမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲ အကြမ်းဖက်စစ်တပ်ဘက်က ၄ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး၊ ကျေးရွာ ၁၀ ရွာနီးပါး တိမ်းရှောင်နေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၀ ရွာနီးပါးက ပြည်သူတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

နောင်ချိုမြို့အတွင်း စစ်ကောင်စီက သီတင်းကျွတ်လပြည့်ညမှာ ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ (၄) ယောက် ဒဏ်ရာရ… အများပြည်သူ ကုသိုလ်ယူချိန် အရပ်သား ပစ်မှတ်ထားတိုက်ခိုက်မှုဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်လို့ TNLA ပြော…

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက သီတင်းကျွတ်လပြည့်ညမှာ အရပ်သားပစ်မှတ်ထားပြီး ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် (၄) ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့အတူ ရုရှားစစ်ရေယာဉ်တွေ လာရောက်ပူးတွဲလေ့ကျင့်

စစ်ကောင်စီကို အားပေးကူညီထောက်ခံမှုတွေ ပြုလုပ်နေတဲ့ ရုရှားကနေ စစ်ရေးလေ့ကျင့်ဖို့အတွက် စစ်ရေယာဉ်လေးစင်း ရောက်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်တွင် ညအချိန် ငါးဖမ်းမှု AA တားမြစ်မိန့် ထုတ်ပြန်၊ ပင်လယ်ကမ်းဝေး ငါးမဖမ်းရန် ပြည်သူများကို မေတ္တာရပ်ခံ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်မှာ ပြည်သူတွေ ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာကို တားမြစ်ကန့်သတ်ကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၉ ရက် မနေ့က အသိပေးတားမြစ်မိန့် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လာပါတယ်။  
Read More

အုတ်ဖိုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့…

ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။