ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို ချိတ်ဆက်ထာတဲ့ လမ်းမကြီးမှာ ခရီးသွားပြည်သူတွေ ယာဥ်ကြီး၊ ယာဥ်ငယ်နဲ့ ဖြတ်သန်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဗျူဟာအမှတ် ၂ က ထုတ်ပြန်ပါတယ်။

လွိုင်ကော် – ဆီဆိုင် လမ်းမကြီးတလျှောက်မှာ အကြမ်းဖက်စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ မတ်လ ၂၀ရက်ကစပြီး ရက်အကန့်အသတ်မရှိ ယာဥ်ကြီး၊ ယာဉ်ငယ်တွေနဲ့ ယာယီ ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ ထုတ်ပြန်ထားတာပါ။

လွိုင်ကော်-ဆီဆိုင်လမ်းမကြီးတလျှောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေး အင်အားစု တပ်တွေ အကြား နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားလာနိုင်တယ်လို့ ဆိုပါတယ်။

အသိပေးထုတ်ပြန်ချက်

နယ်မြေလုံခြုံရေးနဲ့ စစ်ရေးအခြေအနေအရ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်တွေကို မဖြစ်မနေ လိုက်နာပေးကြဖို့နဲ့ ပြန်လည်အသုံးပြုသွားလာနိုင်မယ့် အချိန်နဲ့ နေ့ရက်ကို ပြန်လည်အသိပေး ထုတ်ပြန်သွားမယ်လို့  KNDFက မေတ္တာရပ်ခံထားပါတယ်။

အဆိုပါထုတ်ပြန်ချက်တွေကို လိုက်နာမှု မရှိရင် ဖြစ်ပေါ်လာမယ့် အကြောင်းအရာတွေ အားလုံးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဗျူဟာအမှတ်(၂) က တာဝန်ယူမှာ မဟုတ်ဘူးလို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ငလျင်ဒဏ်သင့်ဒေသများကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေ

မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက ငလျင်ဒဏ်သင့်ဒေသတွေကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှ စစ်သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက် ဆန်တက်နေ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရယ်တွေ ဆက်တိုက်ကြုံတွေ့ နေရကြောင်း သိရပါတယ်။
Read More

တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ စစ်ကော်မရှင်တပ်က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလ ပထမပတ်အတွင်းမှာပင် ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထား

စက်တင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီ တောင်ပိုင်းတိုင်းဒေသအတွင်း ပြည်သူ ၃ဦးကို ရှင်းလင်းခဲ့ပြီး ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

အနိမ့်ဆုံးလုပ်ခ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးရန် မေဒေးနေ့မှာ တောင်းဆို

အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အပါအဝင် အလုပ်သမားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း စစ်တပ်ဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ စစ်သား ၈၈ ယောက် သေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်မှာ နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၈၈ ယောက် သေဆုံးခဲ့တယ်လို့ KNU - ဖာပွန်ခရိုင်က တရားဝင် ထုတ်ပြန်ထားပါတယ်။