စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းအပါအဝင်  လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၇,၅၀၀ ကျော်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေနေထိုင်ရာ အပါအဝင် နေရာအနှံ့အပြားကို  ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အရပ်သားပြည်သူတွေအနေနဲ့ အာဏာသိမ်း စစ်တပ်ရဲ့ အမြောက်နဲ့ လက်နက်ကြီး ပစ်ခတ်မှုအန္တရာယ် လျော့ပါးစေရေးအတွက် လုပ်ဆောင်ရမယ့် အချက်အလက်တွေကို ထုတ်ပြန်စဉ် NUG က ပူးတွဲထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့  လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်တွေအပေါ် အခြေခံပြီး နိုင်ငံတကာ ပဋိပက္ခ အညွှန်းကိန်းတွေအရ ကမ္ဘာပေါ်မှာ ပါလက်စတိုင်းနိုင်ငံဟာ လက်နက်ကိုင် ပဋိပက္ခအဆိုးဆုံးဖြစ်ပြီး မြန်မာနိုင်ငံဟာ ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်တယ်လို့လည်း NUG က ဆိုပါတယ်။

စစ်ကောင်စီက စစ်ရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေး ရည်ရွယ်ချက် အမျိုးမျိုးနဲ့ အရပ်သား နေရာတွေ၊ လူနေအိမ်တွေကို အမြောက်တွေ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူ့အသက်သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနဲ့ အခြေခံ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုတွေကို ဆိုးရွားစွာ ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လူအများ အိပ်စက်အနားယူနေတဲ့  ညအချိန်တွေမှာ  လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လေ့ရှိတာကြောင့် အရပ်သားပြည်သူထိခိုက်မှုတွေ ပိုမိုများပြားနေရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ အဆိုးဆုံး ဖြစ်ပွါးခဲ့တယ်လို့  ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ဘိလပ်မြေစျေးတင်ရောင်းတဲ့ ဆိုင် ၆၀ ကို စစ်ကောင်စီက အရေးယူ

ဈေးကွက်အတွင်းမှာ ဘိလပ်မြေဝယ်လိုအား မြင့်တက်နေချိန် ဈေးတင်ရောင်းတဲ့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်(၆၀)ကျော်ကိုတည် ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
Read More

ဇန်နဝါရီ တစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ရေးပြင်းထန်ခဲ့၊ စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများပါ ရရှိ 

၂၀၂၅ ခုနှစ် ဇန်နဝါရီတစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု MSFC ထုတ်ပြန်

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃) ရက်နေ့ ရက်စွဲနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားကို ထုတ်ပြန်ပြီးဖြစ်သလို တရားမဝင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူသွားမယ်လို့လည်း အသိပေး ထုတ်ပြန်လာပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအကျဉ်းသား မဟုတ်ဟု NLD ပါတီထွက် ဒေါ်သက်သက်ခိုင် ဝေဖန်တိုက်ခိုက်

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျဉ်းသားလို့ နိုင်ငံတကာက သတ်မှတ်ထားပေမယ့် နိုင်ငံရေးပုဒ်မ မဟုတ်ဘဲ အစိုးရတစ်ရပ်ဖြစ်ခဲ့ချိန်က အကျင့်ပျက်လာဘ်စားမှုပုဒ်မတွေနဲ့ တရားစွဲခံထားရပြီး ပြစ်ဒဏ်ကျခံနေရတာ ဖြစ်တယ်လို့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဥက္ကဌ ဒေါ်သက်သက်ခိုင်က သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။
Read More

ကော့သောင်းတွင် စစ်ကောင်စီနှင့် ပကဖ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ အရာခံဗိုလ်အပါ ၃ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ ကော့သောင်းပကဖတို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဆက် ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အရာခံဗိုလ် အပါအဝင် ၃ ယောက် သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ အင်းဘီလူးက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီစိုးမိုးထားတဲ့ ကျွန်းလှ-ကန့်ဘလူလမ်းပိုင်းမှာ ပျုစောထီးတွေ မိုင်းဆွဲခံရပြီး ၂ ယောက် သေ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ စိုးမိုးထားတဲ့ ကျွန်းလှ- ကန့်ဘလူ လမ်းပိုင်းမှာ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ယောက်သေကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံက သိရပါတယ်။