စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ People’s Healthcare Network (Kalay) ရဲ့ တိုက်နယ်ဆေးရုံမှာ ပြင်ပလူနာနဲ့ အတွင်းလူနာ စုစုပေါင်း ၂၈၇ ယောက်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ People’s Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်နယ်ဆေးရုံကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြည်သူလူထုနဲ့ ပြည်သူ့ရဲ‌ဘော်တွေအတွက် အရေးပေါ် နဲ့ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဆေးရုံမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကနေ ဒီနေ့အထိ ပြင်ပလူနာ ၂၇၂ ယောက်၊ အတွင်းလူနာ ၁၅ ယောက်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ရဲဘော် ၇၃ ယောက်၊ ကိုယ်ဝန်ဆောင်မိခင် အယောက် ၂၀ နဲ့ ငါးနှစ်အောက်ကလေးငယ် ၁၄ ယောက်တို့ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။

People’s Healthcare Network (Kalay) အနေနဲ့ ကျောင်းကျန်းမာရေးလုပ်ငန်းတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ၊ နယ်လှည့်‌ကွင်းဆင်းဆေးကုသမှုလုပ်ငန်းတွေကိုလည်း အမြဲမပြတ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

Chinland Defense Force – Hakha ထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသည့် အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ပြည်သူ့စစ် ၁ ယောက်နှင့် တွေ့ဆုံမေးမြန်းချက် (ရုပ်/သံ)

“ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရမ်းဇာတိပါ၊ ကျနော့်အမျိုးသမီးကတော့ မကွေးသူပါ။ မကွေးမှာ လိုက်ပြီး အလုပ်လုပ်ရင်းနဲ့ မကွေးမှာ ပေါ်တာဆွဲခံရတာပါ။ စစ်မှုမထမ်းမနေရဆိုပြီး ပေါ်တာဆွဲခံရပြီးတော့ ကလေးမြို့ကို ရဟတ်ယာဉ်နဲ့ခေါ်သွားပါတယ်။ အဲဒီကိုရောက်တော့ ကျနော်တို့ ပစတွေကို သေနတ် အဖြုတ်အတပ်တွေသင်ပေးတယ်၊ ပစ်ခတ်မှုပုံတွေကိုလည်း သင်ပြပေးပါတယ်။ အဲဒါပြီးရင် အရေးကြီးတယ်ဆိုပြီး ကျနော်တို့ကို ရှေ့တန်းပို့ပါတယ်''
Read More

ပြည်သူ့စစ်တွေကို ရှေ့ဆုံးကတိုက်ပွဲဝင်ခိုင်းနေကြောင်း တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၆ တပ်ရင်းမှ တပ်သား မောင်မောင်ဝင်း ထွက်ဆိုချက် (ရုပ်/သံ)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ပြည်သူ့စစ်တွေကို ရှေ့ဆုံး ကနေ တိုက်ပွဲဝင်ခိုင်းနေကြောင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၆ တပ်ရင်းမှ ပြည်သူ့စစ်တပ်သား မောင်မောင်ဝင်းက အာရက္ခတပ်တော်ထံ ထွက်ဆိုခဲ့ပါတယ်။
Read More

CDF – Asho မှ ဖမ်းမိထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မေးမြန်းချက် (ရုပ်/သံ)

CDF - Asho က ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ စားသောက်နေထိုင်ရေး အခြေအနေတွေကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၈) ကိုယ်ပိုင်အမှတ်- တ/၁၃၂၈၉၅ တပ်သား – ဖြိုးဝင်အောင်၏ ပြောကြားချက် (ရုပ်/သံ)

''PDF တစ်ယောက်ကို စစ်ကြောင်း ၂က နယ်မြေရှင်းလင်းရေးနဲ့ ၁ ယောက်အရှင်မိသွားတယ်။ မပြေးနိုင်လို့ စခန်းကုန်းပေါ်မှာ ကျန်ခဲ့တာ။ Drop ဗုံးထိထားတာ။ အဲဒါဖမ်းလာတာ။ ဖမ်းပြီး သူတို့ လိုချင်တာတွေ မေးတယ်။ ဟိုလူကလည်း ပြန်ပြောတယ်။ သူတို့ လိုချင်တာမေးပြီး သတ်လိုက်တယ်။ တစ်နေ့ပဲထားတယ်''
Read More

အမိမြေပြန်ပို့ခံရပြီး စစ်ကောင်စီလက်ထဲ ရောက်သွားရင် ဘာဖြစ်မလဲ (ရုပ်/သံ)

ကိုစန်းထွန်းအောင်နဲ့ ကိုအောင်မျိုးကျော်တို့ နှစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ စားဝတ်နေရေးအတွက် ရုန်းကန်ကြိုးစား နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ 
Read More

စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော် ခေါ်ဆောင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့ ဗိုလ်မှူး အောင်ကိုထွေးရဲ့ ပြောကြားချက် (ရုပ်/သံ)

ချင်းပြည်နယ်မှာ အခု ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ၂ ယောက် အပါအဝင် ၆၁ ယောက် ပလက်ဝ (CDF) ကတဆင့် ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့ထံက သိရပါတယ်။